BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ဗိုလ်ချုပ် ၃ ဦး NUG နဲ့...
သတင်းအတု

စစ်ကောင်စီ ဗိုလ်ချုပ် ၃ ဦး NUG နဲ့ ပူးပေါင်းဖို့ ဆက်သွယ်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီ ဗိုလ်ချုပ် ၃ ဦးက NUG နဲ့ ပူးပေါင်းဘို့ ဆက်သွယ်လာကြောင်း NUG ဝန်ကြီး ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  8 Jun 2022 5:37 PM IST
  • စစ်ကောင်စီ ဗိုလ်ချုပ် ၃ ဦး NUG နဲ့ ပူးပေါင်းဖို့ ဆက်သွယ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို မေလ ၁ ရက်နေ့မှာ စတင်ပြီး ၃ မိနစ်ကျော် ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲဖက်ဖြန့်ဝေနေတာဖြစ်ပြီး ကူးယူဖြန့်ဝေနေတာတွေလည်း ရှိပါတယ်။ ဖြန့်ဝေရာမှာ " ဗိုလ်ချုပ် ၃ ဦးက NUG နဲ့ ပူးပေါင်းဖို့ ဆက်သွယ်လာဟု NUG ဝန်ကြီးဖွင့်ဟ၊ မအလကို ပုန်ကန်ဖို့ စည်းရုံးမယ်ဟုလည်း ကတိပေးထား" လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေမှုမှာ တွဲထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ "ဗိုလ်ချုပ် ၃ ဦးက NUG နဲ့ ပူးပေါင်းဖို့ ဆက်သွယ်လာဟု NUG ဝန်ကြီးဖွင့်ဟ" ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါ။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ ဒါဟာ လူစိတ်ဝင်စားမှု ရအောင် တမင်လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်သာဖြစ်ပြီး ဗွီဒီယိုထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ ဘားလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အကြောင်းကို နောက်ခံစကားပြောနဲ့ သတင်းလုပ်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    ဒီသတင်းကို ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာလည်း ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းတွေကို လုပ်ကြံရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbait သတင်းတွေတင်တဲ့ ပေချ့်တွေသာ ဖြစ်ပါတယ်။

    Tags

    Clickbaitသတင်းအတုmilitary council generalsthree generalsဗိုလ်ချုပ် ၃ ဦးNUG ဝန်ကြီးNUG ministerMilitary Coup
    Read Full Article
    Claim :   စစ်ကောင်စီ ဗိုလ်ချုပ် ၃ ဦးက NUG နဲ့ ပူးပေါင်းဘို့ ဆက်သွယ်လာကြောင်း NUG ဝန်ကြီး ပြောဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!