BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီရဲ့...
သတင်းအတု

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA နဲ့ ပူးပေါင်း PDF ထောင်ချီ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား

KIA နဲ့ ပူးပေါင်း PDF တို့ သိမ်းပိုက်ထားတဲ့ ဂျာရာယာန် စစ်ကောင်စီတပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် KIA နဲ့ PDF ထောင်ချီ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Feb 2022 1:42 PM IST
  • စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA နဲ့ ပူးပေါင်း PDF ထောင်ချီ ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းမှာ လီလီ ခရုဇ် ဖေ့စ်ဘွတ်အကောင့်က တင်ထားတာဖြစ်တယ်။ သတင်းအမှားထဲမှာ စစ်ကောင်စီတပ်တွေက Mig-29လေယာဉ်တွေ၊ Mi-35ရဟတ်ယာဉ်တွေနဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ရာနေရာတွေ၊ KIA ရဲ့ ပင်မ စစ်စခန်းတွေကို အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်သတင်းအရ KIA နဲ့ PDF ထောင်ဂဏာန်း နီးပါးကျဆုံးခဲ့ကြောင်း ...

    "၃-၂-၂၀၂၂ ရက်နေ့ ယနေ့မနက် ၇ နာရီခန့်က ကချင်ပြည်နယ် ဖာကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ဂျာရာယာန်စစ်ကောင်စီစခန်းကို KIA တပ်မဟာ ၉ က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့်တွင် တပ်မတော်ဘက်မှ လေယာဉ်တစ်စီးဖြင့် အဆိုပါ စခန်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စခန်း အတွင်း အားလုံး သေဆုံးသွားပြီ….." (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    လီလီခရုဇ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၁၅၀၀ ကျော်၊ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ ကျော်ရှိနေပြီး ကူးယူဖော်ပြထားသူလည်း များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    KIA နဲ့ ပူးပေါင်း PDF တို့ သိမ်းပိုက်ထားတဲ့ ဂျာရာယာန် စစ်ကောင်စီတပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ တစ်ဖန် လာရောက် ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်ခဲ့တဲ့အတွက် KIA နဲ့ PDF ထောင်ချီ ကျဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ဖားကန့်မြို့နယ်၊ ဂျာရာယာန် ကျေးရွာရှိ စစ်ကောင်စီ စခန်းကို ကချင် လွတ်မြောက်ရေးတပ်မတော် ( KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း အဖွဲ့တွေက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နံနက် ၃ နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

    အဆိုပါ ၃ ရက်နေ့မှာပဲ မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေက ကချင်ပြည်နယ်က နေရာတချို့ကို စစ်ရဟက်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက ရဟက်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရျိခဲ့တဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။

    ဒါ့အပြင် ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်း ဂျာရာယန်ကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့တာ မှန်ပေမယ့် သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို မဟုတ်ပဲ တိုက်ပွဲဖြစ်ရာနေရာမှာ စစ်ကောင်စီဘက်ကသာ ထိခိုက် ကျဆုံးမှု ရှိနိုင်ကာ KIA ၊ PDF ဘက်မှာ ကျဆုံးမှု တစ်စုံတစ်ရာ မရှိဘူးလို့ ကချင်ပြည်နယ် အခြေစိုက် Kachin News Group သတင်းဌာနမှာ ဖော်ပြထားပါတယ်။ Kachin News Group သတင်းဌာနက ဖော်ပြထားတဲ့ အဆိုပါ ဂျာရာယန်က တိုက်ပွဲသတင်းကို ဒီ Link မှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    Tags

    False newsKIAPDFairstrikesCoupmilitaryသတင်းအမှားလေကြောင်းတိုက်ခိုက်မှုဖားကန့်
    Read Full Article
    Claim :   စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA နဲ့ ပူးပေါင်း PDF ထောင်ချီ ကျဆုံး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!