BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ကို PDF အင်အား ၂၀၀၀...
သတင်းအတု

နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ အလစ်အငိုက် ထိုးစစ်ဆင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Dec 2024 9:44 AM IST
  • နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် အလစ်တိုက်ခိုက်ခံရ။ PDF အင်အား ၂၀၀၀ ခန့်နှင့် ထိုးစစ်ဆင်နေ။ ဗိုလ်ချုပ်တွေ ပွက်လောရိုက်နေ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်တောင်းမြစ်အရှေ့ခြမ်းတွင် နေပြည်တော် PDFပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ပွဲဖြစ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ပိတောက်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ အထိနာပြီး တပ်ဆုတ်သွားတယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြထားတာပါ။

    ဒီသတင်းထဲမှာ နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    PDF အဖွဲ့နေပြည်တော်တိုက်ခိုက်ခံရNaypyidawFakenewsClickbaitsနေပြည်တော်အဝိုင်းခံရ
    Read Full Article
    Claim :   နေပြည်တော်ကို PDF အင်အား ၂၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတယ်ဆိုလို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!