BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော် စစ်ရေးပြပွဲ...
သတင်းအတု

နေပြည်တော် စစ်ရေးပြပွဲ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော် စစ်ရေးပြပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်မှူးကြီး ၁၃ ဦး သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 March 2025 9:22 PM IST
  • နေပြည်တော် စစ်ရေးပြပွဲ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Burma Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် စစ်ရေးပြပွဲ မသာပွဲ ဖြစ်ကုန်ပြီဟေ့။ စစ်ရေးပြပွဲတွင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်မှူးကြီး ၁၃ ဦး မသာပေါ်ကုန်ပြီ။ ထူးပြီဟေ့' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော် စစ်ရေးပြပွဲ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ နေပြည်တော်မှာ ရာသီဥတုပူပြင်းနေတဲ့အတွက် စစ်တပ်က မတ်လ ၂၇ နေ့မှာ ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှ စတင်ကျင်းပမှာ ဖြစ်တယ်လို့ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ နေပြည်တော် စစ်ရေးပြပွဲ ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာတော့ နေပြည်တော် စစ်ရေးပြစစ်ကြောင်းက အရာရှိနဲ့ တပ်သားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ CDM ဗိုလ်ကြီး လင်းထက်အောင် ပြောဆိုတယ်ဆိုပြီး ရေးသားဖော်ပြထားတာ ရှိပါတယ်။

    ဒါပေမယ့် ဒီ BOOM Myanmar က သီးခြားအတည်ပြုချက် မရရှိထားသလို ဒီသတင်းထဲမှာလည်း အုတ်ခဲနဲ့ တုတ်တွေကို အသုံးပြုပြီး ခိုက်ရန်ဖြစ်ပွားတယ်လို့သာ ရေးသားထားပြီး ပစ်ခတ်လို့ ဗိုလ်မှူးကြီး ၁၃ ဦး သေဆုံးတယ်ဆိုတဲ့အကြောင်းအရာ မပါဝင်ပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    စစ်ရေးလေ့ကျင့်နေပြည်တော်သတင်းမှားအချင်းချင်းပစ်ခတ်Fakenews
    Read Full Article
    Claim :   နေပြည်တော် စစ်ရေးပြပွဲ ပစ်ခတ်မှုဖြစ်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!