BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်အတွက်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

ထရမ့်အစိုးရက မြန်မာအရေး ပြတ်ပြတ်သားသား လုပ်ဆောင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Jan 2025 9:58 PM IST
  • ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အိမ်ဖြူတော်က ဒေါ်စုအတွက် အမိန့်ထုတ်။ ထရမ့်အစိုးရက မြန်မာအရေး ပြတ်ပြတ်သားသားလုပ်မည်။ တရုတ်နဲ့ အကြမ်းဖက်စစ်တပ်ကို ထရမ့်က အစိုးရမူဝါဒ ချမှတ်' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အမေရိကန်အစိုးရသစ်ရဲ့ မြန်မာ့အရေးအပေါ် သဘောထားနိုင်လာတဲ့ အကြောင်းအရာကို ကိုယ်ပိုင် တစ်ဦးတည်းအမြင်နဲ့ ပြောဆိုထားချက်တွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဒေါ်နယ်ထရမ့်သတင်းအတုFakenewsDonald Trumpအမေရိကန်
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဖြူတော်က အမိန့်ထုတ်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!