BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန်က လေယာဉ် (၄)စီး...
သတင်းအတု

အမေရိကန်က လေယာဉ် (၄)စီး ပေးတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်ပေးတဲ့ လေယာဉ် (၄)စီး လက်ခံရရှိထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတယ်ဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 April 2025 9:34 PM IST
  • အမေရိကန်က လေယာဉ် (၄)စီး ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'US က ပေးတဲ့ လေယာဉ် (၄) စီးရပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြေလို့ လန့်ကုန်ပြီ။ စစ်အုပ်စု (၄၈) နာရီပဲ အချိန်ရမယ်လို့ သတိပေး' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်က လေယာဉ် (၄)စီး ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သက်တမ်းတိုးပြီးနောက် PNLO ဌာနချုပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး နောင်ချိုမြို့နယ်သို့ လေကြာင်းဖြင့် ဗုံးနှင့် အဆိပ်ဗုံးများ ကျဲချ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ အကြမ်းဖက် စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သက်တမ်းတိုးပြီးနောက် PNLO ဌာနချုပ်ကို လက် နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တွေက PNLO ဌာနချုပ် ဧရိယာရှိ ကျေးရွာတွေနဲ့ နောင်ထောင်ကျေးရွာကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီကနေ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ အမေရိကန်ပေးတဲ့ လေယာဉ် (၄)စီး လက်ခံရရှိထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အမေရိကန်အကူအညီUS support weaponsစစ်လေယာဉ်သတင်းအမှားFakenews
    Read Full Article
    Claim :   အမေရိကန်က လေယာဉ် (၄)စီး ပေးတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!