BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာရက္ခတပ်တော်ကို အမေရိကန်က...
သတင်းအတု

အာရက္ခတပ်တော်ကို အမေရိကန်က လက်နက်ခဲယမ်းတွေ ထောက်ပံ့တယ်ဆိုတဲ့ သတင်းအမှား

အာရက္ခတပ်တော် (AA) ကို အမေရိကန်က ကန်ဒေါ်လာ သန်း ၄၀၀ တန်ဘိုးရှိ လက်နက်ခဲယမ်းတွေ စတင်ထောက်ပံ့ နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 May 2025 10:08 PM IST
  • အာရက္ခတပ်တော်ကို အမေရိကန်က လက်နက်ခဲယမ်းတွေ ထောက်ပံ့တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Arakan Uddin ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Khit Thit YGN ဆိုတဲ့ Youtube ချန်နယ်တွေမှာ မေလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေရိကန်က_အာရက္ခတပ်တော်ကို (ကန်) ဒေါ်လာသန်း၄၀၀ဖိုးလက်နက်ခဲယမ်း စတင်ထောက်ပံ့။ ရခိုင်အမျိုးသားတပ်ကို ကန်ဒေါ်လာ သန်း ၄၀၀ တန်ဘိုးရှိ လက်နက်နှင့် ခဲယမ်းများကို အမေရိကန်မှ မကြာသေးခင်ကမှ ပေးအပ်ထား' လို့ ရေးသားထားပါတယ်။

    ဗီဒီယိုထဲမှာတော့ အမေရိကန် အာရက္ခတပ်တော် (AA) က တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဧပြီလအတွင်းက လျှို့ဝှက်တွေ့ဆုံခဲ့ပြီး ကန်ဒေါ်လာ သန်း ၄၀၀ တန်ဘိုးရှိ လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တယ်လို့ india.com သတင်းမှာ ရေးသားဖော်ပြခဲ့ကြောင်း ပြောဆိုထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အာရက္ခတပ်တော်ကို အမေရိကန်က လက်နက်ခဲယမ်းတွေ ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဗီဒီယိုထဲမှာ အသုံးပြုထားတဲ့ ပုံတွေဟာ အခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ ပုံဟောင်းတွေဖြစ်ပြီး ဒါတွေကို အမေရိကန် ပံ့ပိုးတဲ့ လက်နက်တွေဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုနေတာပါ။


    အထက်ပါပုံထဲက အမျိုသားပုံမှာ ၂၀၁၅ ခုနှစ်က အိုင်ဗရီကို့စ်ရှိ သင်္ဘောကွန်တိန်နာတစ်လုံးထဲက ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပုံဖြစ်ပါတယ်။

    ဒီဓါတ်ပုံကို သတင်းဌာနအများအပြားနဲ့ ဝက်ဆိုက်တွေမှာ လွန်ခဲ့တဲ့ ၉ နှစ်ခန့်က စတင်ပြီး အသုံးပြုထားတာ တွေ့ရပါတယ်။

    ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    အထက်ပါပုံရဲ့ မူရင်းကိုတော့ အာဖရိက အခြေစိုက် သတင်းဌာနတစ်ခုမှာ ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ ပုံဖြစ်ပါတယ်။

    ပုံထဲက လက်နက်တွေကတော့ နိုင်ဂျီးရီးယား အကောက်ခွန်က ဆိပ်ကမ်းတစ်ခုမှာ လက်နက်တွေ ကြားဖြတ် ဖမ်းမိခဲ့တယ် လို့ သတင်းမှာ ဖော်ပြထားပါတယ်။

    ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အာရက္ခတပ်တော်ကို အမေရိကန်က လက်နက်ခဲယမ်းတွေ ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြမထားသလို အာရက္ခတပ်တော် (AA) ဘက်ကလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

    Tags

    လက်နက်ထောက်ပံ့ထောက်ပံ့ကြေးUS support weaponsArakan Army (AA)Fakenewsသတင်းတု
    Read Full Article
    Claim :   အာရက္ခတပ်တော်ကို အမေရိကန်က လက်နက်ခဲယမ်းတွေ ထောက်ပံ့တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!