BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို...
သတင်းအတု

စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို အမေရိကန် ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

ဂျပန်ရာဇဝတ် ဂိုဏ်းခေါင်းဆောင်မှတဆင့် အီရန်နိုင်ငံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တု ကုန်ကြမ်းများ ရောင်းချတဲ့ အမှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌ ယွက်ဆစ်ကို အမေရိကန်က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Feb 2024 7:40 AM IST
  • စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို အမေရိကန် ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်အုပ်စု ထောင်ချောက်မိပြီ။ စစ်ခေါင်းဆောင်နှင့် RCSS တပ်ချုပ်ကို အမေရိကန် ဖမ်းဝရမ်းထုတ်ပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ သိန်းကျော်ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို အမေရိကန် ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ ‘ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် မှတစ်ဆင့် အီရန်နိုင်ငံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တု ကုန်ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ RCSS ဥက္ကဋ္ဌ ဖြစ်သည်ဟု အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဒီသတင်းတွေထဲမှာ ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို အမေရိကန် ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဂျပန်ရာဇဝတ် ဂိုဏ်းခေါင်းဆောင်က အီရန်နိုင်ငံထံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တုကုန် ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာနရဲ့ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖော်ပြထားသည်။

    ၂၀၂၂ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးအပါအဝင် လက်နက်မှောင်ခို အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ဟာ အီရန်ဗိုလ်ချုပ်ကြီးလို့ ယူဆရသူတစ်ဦးဆီကို မြန်မာနိုင်ငံက နျူကလီးယား လက်နက် အဆင့် ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဓာတ်သတ္တု ပစ္စည်းတွေ ရောင်းချဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန်က စွဲချက်အသစ် တင်လိုက်တာ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို RCSS ဥက္ကဋ္ဌ ယွက်ဆစ် ငြင်းဆိုထားပါတယ်။

    RCSS ဥက္ကဋ္ဌရဲ့ ငြင်းဆိုချက်ထဲမှာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တု ထွက်သည်ဟု သတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးဦးကပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှမကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင် စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မိမိအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် discredit လုပ်ရပ်တခုသာဖြစ်ကြောင်း Tai Freedom သတင်းမှာ ဖော်ပြထားပါတယ်။

    Tags

    နူကလီးယားဓာတ်သတ္တုကုန်ကြမ်းNuclearRCSS ဥက္ကဋ္ဌRCSS Leaderယူရေနီယံarrest warrantFakenewsဖမ်းဝရမ်းထုတ်
    Read Full Article
    Claim :   စစ်ခေါင်းဆောင်နဲ့ RCSS ဥက္ကဋ္ဌကို အမေရိကန် ဖမ်းဝရမ်းထုတ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!