BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်နက်တပ်ဆင်ဖို့ ၁၂...
သတင်းအတု

လက်နက်တပ်ဆင်ဖို့ ၁၂ ဘီလျံကူညီမယ်လို့ ကုလသမဂ္ဂက ကတိပြုတယ်ဆိုတဲ့ သတင်းအမှား

ဒေါက်တာ ဆာဆာက အရေးပေါ်လက်နက်တောင်းခံမှုကြောင့် ကုလသမဂ္ဂက ၁၂ ဘီလျံကူညီဖို့ ကတိပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Dec 2022 8:48 PM IST
  • လက်နက်တပ်ဆင်ဖို့ ၁၂ ဘီလျံကူညီမယ်လို့ ကုလသမဂ္ဂက ကတိပြုတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MMB သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၄၃ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုနဲ့အတူ 'ဒေါက်တာဆာဆာ အရေးပေါ် လက်နက်တောင်းပြီ။ (၁၂) ဘီလျံ ကုလ ကတိပြု' လို့ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုဝင်ကြည့်ရင် ပိုစ့်မှာရေးသားထားသလို ဒေါက်တာ ဆာဆာ အရေးပေါ်လက်နက်တောင်းခံမှုကြောင့် ကုလသမဂ္ဂက ၁၂ ဘီလျံကူညီဖို့ ကတိပြုတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မတွေရပါဘူး။အလားတူ ဒီလိုအကြောင်းအရာကိုဖြန့်ဝေဖို့အတွက် ကိုးကားထားတဲ့ သတင်းတစုံတရာပါဝင်ခြင်းမရှိထားသလို ဒီကာလအတွင်း ကုလသမဂ္ဂက အဲ့ဒီလိုတစုံတစ်ယောက်က ဦးတိုက်အကူအညီတောင်းလို့ ကူညီတယ်ဆိုဆုံးဖြတ်ချက်မျိုးပေါ်ထွက်ခဲ့တာမျိုးလုံး၀မရှိထားပါဘူး။ NDAA ဥပဒေ ဟာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေတရပ်ဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act ဆိုတဲ့ ဥပဒေတရပ် ပါဝင်လာပါတယ်။ Burma Act ထဲမှာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ကူညီထောက်ပံ့ပေးမယ့် ကိစ္စတွေ ပါဝင်လာတယ်ဆိုပေမယ့် အခုလိုမျိုးဒေါက်တာဆာဆာက တောင်းဆိုလို့ UN ကထောက်ပံ့တယ်ဆိုတဲ့အခြေအနေဟာ ယုတ္တိမတန်တဲ့ လုပ်ကြံသတင်းမျှသာဖြစ်ပါတယ်

    မိနစ် ၄၀ ကျော်ကြာမြင့်တဲ့ ရုပ်သံဖိုင်ထဲမှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး ICC၊ ICJ တို့နဲ့ NUG ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ဒေါက်တာဆာဆာကို DVB နဲ့ အင်တာဗျူးထားတာတဲ့ ရုပ်သံဖိုင် တစ်ခုကိုသာပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    အရေးပေါ်လက်နက်တောင်းခံမှုအတွက် ကုလသမဂ္ဂက ၁၂ ဘီလျံ ကူညီဖို့ ကတိပြုတယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ထားတာမျိုး မရှိသလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။



    Tags

    ICCICJအပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးDr SaSaUN pledged 12 billion၁၂ ဘီလျံemergency armamentsFakenewsMilitary Coup
    Read Full Article
    Claim :   ဒေါက်တာ ဆာဆာ အရေးပေါ်လက်နက်တောင်းခံမှုကြောင့် ကုလသမဂ္ဂက ၁၂ ဘီလျံကူညီဖို့ ကတိပြုတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!