BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာပြည်မှ မဖြစ်မနေထွက်ခွာရန် ကုလ...
သတင်းအတု

မြန်မာပြည်မှ မဖြစ်မနေထွက်ခွာရန် ကုလ အရေးပေါ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံခြားသားအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာဘို့ ကုလသမဂ္ဂ အရေးပေါ်ကြေညာလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2023 3:42 PM IST
  • မြန်မာပြည်မှ မဖြစ်မနေထွက်ခွာရန် ကုလ အရေးပေါ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Bkk Drama ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မြန်မာပြည်မှ မဖြစ်မနေထွက်ခွာရန် ကုလ အရေးပေါ်ကြေညာ။ စစ်တပ် ထိုင်းကိုဖြတ်ကျော်နေပြီ။ နိုင်ငံခြားသားအားလုံး မြန်မာပြည်မှ ထွက်ခွာရန် အမိန့်ပေးပြီ။ လူထု နိုးနိုးကြားကြား ရှိကြရန် အထူးအမိန့်’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ နိုင်ငံခြားသားအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာဘို့ ကုလသမဂ္ဂ အရေးပေါ်ကြေညာလိုက်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    R2P (Responsibility to Protect)UNမြန်မာနိုင်ငံClick baitsThe United NationsFakenews
    Read Full Article
    Claim :   နိုင်ငံခြားသားအားလုံး မြန်မာနိုင်ငံကနေ ထွက်ခွာဘို့ ကုလသမဂ္ဂ အရေးပေါ်ကြေညာလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!