BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထရမ့်အစိုးရအဖွဲ့က KIA နဲ့...
သတင်းအတု

ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းအမှား

ထရမ့်အစိုးရအဖွဲ့က မြေရှားသတ္တုတွေ လွှဲပြောင်းရယူဖို့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 July 2025 7:45 AM IST
  • ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Yaung Ni News Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထရမ့်အစိုးရအဖွဲ့က မြေရှားသတ္တုများ လွှဲပြောင်းရယူဖို့ KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတဲ့ သတင်းကောင်း' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၆ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Dawei Watch သတင်းဌာနမှာ ဇူလိုင် ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာ့မြေရှားရရှိရေး အဆိုပြုချက်များ ထရမ့်အစိုးရကြားနာ' ဆိုတဲ့ အကြောင်းအရာကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ မြန်မာ့မြေရှားသတ္တုများကို အမေရိကန်က ရရှိရေး အဆိုပြုချက်များကို ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့ကြောင်း၊ မြန်မာနိုင်ငံက အများအပြားထွက်ရှိနေတဲ့ မြေရှားသတ္တုတွေကို တရုတ်က ရရှိနေပြီး ယင်းတို့ကို တရုတ်အစား အမေရိကန်က ရရှိလာစေရန် ရည်ရွယ်ချက်နဲ့ အဆိုပါ အဆိုပြုချက်တွေကို ကြားနာခဲ့တာဖြစ်ကြောင်း၊ အဆိုပါ အဆိုပြုချက်တွေကို အမေရိကန်စီးပွားရေး လော်ဘီသမားတစ်ဦးက ထရမ့်အစိုးရအရာရှိတွေကို အဆိုပြုခဲ့တာ ဖြစ်ကြောင်း၊ အဆိုပြုချက်တွေထဲက တစ်ခုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ငြိမ်းချမ်းရေးရယူရန် မြန်မာစစ်ကောင်စီကို ထရမ့်အစိုးရက တိုက်တွန်းရန် ဖြစ်ပြီး နောက်ထပ်အဆိုပြုချက် တစ်ခုမှာ ထရမ့်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနဲ့ မထိတွေ့မဆက်ဆံဘဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ သာ တိုက်ရိုက်ဆွေးနွေးသွားဖို့ဖြစ်ကြောင်း ရေးသားထားပါတယ်။

    ဒီသတင်းထဲမှာ အမေရိကန်စီးပွားရေး လော်ဘီသမားတစ်ဦးက ထရမ့်အစိုးရကို အဆိုပြုခဲ့တာသာ ဖြစ်ပြီး ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်သေးပါဘူး။

    ဒါကြောင့် ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Dawei Watch သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ထရမ့်ဒေါ်နယ်ထရမ့်FakenewsKIAသတင်းတုမြေရှားသတ္တု
    Read Full Article
    Claim :   ထရမ့်အစိုးရအဖွဲ့က KIA နဲ့ တိုက်ရိုက်ဆက်သွယ်လာတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!