BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းအနိုင်ရပါတီက...
သတင်းအတု

ထိုင်းအနိုင်ရပါတီက နယ်စပ်ကလက်နက်သွင်းခွင့်ပေးတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းအနိုင်ရပါတီက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖြုတ်ချဖို့ နယ်စပ်ကနေ လက်နက်သွင်းခွင့်ပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 May 2023 9:08 AM IST
  • ထိုင်းအနိုင်ရပါတီက နယ်စပ်ကလက်နက်သွင်းခွင့်ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ TV MN ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အပြင် အခြား ပေချ့်အတုတွေက မေလ 18 ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထိုင်းအနိုင်ရပါတီက မင်းအောင်လှိုင်ကိုဖြုတ်ချဖို့ နယ်စပ်ကလက်နက်သွင်းခွင့်ပေးပြီ’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ထိုင်းနိုင်ငံရွေးကောက်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး Move Forward ပါတီက မဲအရေအတွက် အများဆုံးရခဲ့ပြီး အနိုင်ရထားပါတယ်။ သို့ပေမယ့် ထိုင်းစစ်တပ်က ခန့်ထားတဲ့ အထက်လွှတ်တော် အမတ်အရေအတွက် ဘယ်လောက်ထောက်ခံမလဲ ဆိုတဲ့ပေါ် မူတည်နေသေးတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြန့်ဝေနေသလို နယ်စပ်က လက်နက်သွင်းခွင့်ပေးတယ်ဆိုတဲ့ ကိစ္စမျိုးတွေ မရှိသေးဘူးဆိုတာ တွေးကြည့်နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေဟာ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောထားတဲ့ ရုပ်သံဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဗွီဒီယိုတွေထဲမှာ ‘ထိုင်းအနိုင်ရပါတီက မင်းအောင်လှိုင်ကိုဖြုတ်ချဖို့ နယ်စပ်ကလက်နက်သွင်းခွင့်ပေးပြီ’ ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    လက်ရှိမဲအများဆုံးနဲ့ အနိုင်ရရှိထားတဲ့ Move Forward ပါတီခေါင်းဆောင် 'ဖီထာ လင်ဂျရွန်ရက် (Pita Limjaroenrat) 'က မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ဦးစားပေးဆောင်ရွက်သွားမယ့် မူဝါဒကို သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာတော့ ရှိပါတယ်။

    သူက အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးကို လုပ်ဆောင်ပြီး အမေရိကန်က စစ်ကောင်စီကို ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်စို့မှုတွေထဲက Burma Act ထဲမှာပါတဲ့ လူသားချင်းစာနာမှု အကူအညီပေးတဲ့ ကိစ္စမှာတွေမှာ ထိုင်းက ဦးဆောင်လှုပ်ရှားသွားမယ်ဆိုတဲ့ ပုံစံမျိုးလည်း ပြောထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ထိုင်းအနိုင်ရပါတီThai winning partyweapons importedFakenewsClickbaitsMilitary CoupThai Election
    Read Full Article
    Claim :   ထိုင်းအနိုင်ရပါတီက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖြုတ်ချဖို့ နယ်စပ်ကနေ လက်နက်သွင်းခွင့်ပေးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!