BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နယ်စပ်က ဝင်လာတဲ့...
သတင်းအတု

နယ်စပ်က ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရ ပစ်မိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင်ရဲ့ တောင်းဆိုမှုနဲ့ နယ်စပ်က ဝင်လာသူတွေကို ထိုင်းအစိုးရက ပစ်မိန့်ပေးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 Feb 2024 7:37 AM IST
  • နယ်စပ်က ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရ ပစ်မိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MyAn NeWs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၀ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ အတူ ‘ဘယ်နည်းနဲ့ဖြစ်ဖြစ် ထိုင်းနိုင်ငံကို သွားမယ်ဆိုတဲ့သူတွေ အတွက်ပါ။ ထိုင်းနိုင်ငံ သွားမယ့်သူတွေ အဓိက ကြည့်ပါ။ မအလ တောင်းဆိုမှုနဲ့ နယ်စပ်က ဝင်လာတဲ့သူတွေကို ပစ်မိန့်တဲ့’ လို့ ရေးသားထားတာပါ။

    ဒါ့အပြင် Mandalay Khit Thit ဆိုတဲ့ Youtube Channel ကလည်း ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြည်သူများအတွက် သတင်းဆိုးကြီး။ ထိုင်းကိုထွက်ပြေးတဲ့ မြန်မာဟူသမျှ ဖမ်းဆီးအရေးယူမယ်လို့ ထိုင်းအစိုးရ ကြေညာ' လို့ ရေးသား ဖြန့်ဝေထားပါသေးတယ်။ဒီဖြန့်ဝေထားတဲ့ ဗီဒီယိုကို ကြည့်ရှု့သူ တစ်သောင်းနှစ်ထောင်ကျော်ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နယ်စပ်က ဝင်လာသူတွေကို ပစ်မိန့်ပေးထားတယ်၊ မြန်မာဟူသမျှ ဖမ်းဆီးအရေးယူမယ်လို့ ထိုင်းအစိုးရက ကြေညာထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ သတင်းဌာနတွေမှာ ဖော်ပြနေတဲ့ ‘ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေ ဥပဒေမဲ့ မဝင်လာကြဖို့ ထိုင်းဝန်ကြီးချုပ် သတိပေး’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီ ကြေညာခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသား အများအပြား လာရောက်ဖို့ ကြိုးစားနေချိန်မှာ တရားမဝင် ဝင်ရောက်တာမျိုးတွေ မလုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

    ဒီသတင်းထဲမှာ နယ်စပ်က ဝင်လာသူတွေကို ပစ်မိန့်ပေးထားတယ်၊ မြန်မာဟူသမျှ ဖမ်းဆီးအရေးယူမယ်လို့ ထိုင်းအစိုးရ ကြေညာတယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းဝင်ရောက်လာသူတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ ပါးသွားမှာကို စိုးရိမ်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နှုန်းအောက်မှာသာ ရှိတဲ့အတွက် ပြည်ပနိုင်ငံတွေက အလုပ်သမား အများအပြား လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင် အထောက်အထားတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

    Tags

    ထိုင်းဝန်ကြီးချုပ်Prime Ministerordered to shootMigrationနယ်စပ်ဖြတ်ကျော်မှုConscription Lawပြည်သူ့စစ်မှုထမ်းဥပ‌ဒေ
    Read Full Article
    Claim :   နယ်စပ်က ဝင်လာသူတွေကို ထိုင်းအစိုးရက ပစ်မိန့်ပေးထားတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!