BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းနယ်စပ် ဗုံးကျဲခံရမှု...
သတင်းအတု

ထိုင်းနယ်စပ် ဗုံးကျဲခံရမှု ထိုင်းလေတပ်တုန့်ပြန်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီလေတပ်က ထိုင်းနိုင်ငံ နယ်စပ်တနေရာမှာ ဗုံးမှားကျဲခဲ့တဲ့အတွက် ထိုင်းလေတပ်က ချက်ချင်း တုန့်ပြန်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 April 2023 10:51 AM IST
  • ထိုင်းနယ်စပ် ဗုံးကျဲခံရမှု ထိုင်းလေတပ်တုန့်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Aung Kyaw ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ထိုင်းနိုင်ငံ နယ်စပ် ဗုံးမှားကျဲခံရပြီ။ မအလ ငါးပါးမှောက်ပြီဟေ့။ ထိုင်းလေတပ် ချက်ချင်း တုန့်ပြန်လိုက်ပြီ’ လို့ ရေးသားထားပါတယ်။

    ဖြန်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘နေပြည်တော်အထိနာတယ်။ လေတပ်ဌာနချုပ် ထိခိုက်’ ဆိုတဲ့အကြောင်းအရာ (သို့မဟုတ်) ‘ထိုင်းနိုင်ငံ နယ်စပ် ဗုံးမှားကျဲခံပြီး ထိုင်းလေတပ် ချက်ချင်းတုန့်ပြန်တယ်’ ဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Thai Air Forceထိုင်းနယ်စပ်ဗုံးကျဲbombingThai borderFakenews
    Read Full Article
    Claim :   စစ်ကောင်စီလေတပ်က ထိုင်းနိုင်ငံ နယ်စပ်တနေရာမှာ ဗုံးမှားကျဲခဲ့တဲ့အတွက် ထိုင်းလေတပ်က ချက်ချင်း တုန့်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!