BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွတ်စလင်ရေးရာ ဝန်ကြီးဌာနတွေ...
သတင်းအတု

မွတ်စလင်ရေးရာ ဝန်ကြီးဌာနတွေ ဖွင့်ပေးဖို့ဆိုတဲ့ သတင်းအတု

ဒီရက်ပိုင်းအတွင်းမှာ Facebook Page အတုတစ်ခုက ဘာသာရေးအသုံးချပြီး NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအတု တစ်ပုဒ် တင်ထားပါတယ်။

By - Boom Live Myanmar |
Published -  28 July 2020 11:22 AM IST
  • မွတ်စလင်ရေးရာ ဝန်ကြီးဌာနတွေ ဖွင့်ပေးဖို့ဆိုတဲ့ သတင်းအတု

    နေလ New media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတု တစ်ခုက ဂျူလိုင်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၂၉ မိနစ်မှာ "မွတ်ဆလင်ရေးရာဝန်ကြီး ဌာန တွေဖွင့်ခွင်ရဖို့ လုပ်ပေးရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်မှာကြားခဲ့ ဟုဆို" လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှား တစ်ပုဒ်တင်ထားပါတယ်။

    ဒီသတင်းအတုကိုရေးသားထားတဲ့ စာထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကပြုလုပ်ခဲ့တဲ့ NLD ပါတီ CEC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအလွန်ကာလမှာ အစိုးရဖွဲ့ပါက မွတ်စလင်ရေးရာဝန်ကြီးဌာနဖွင့်လှစ်ဖို့ ဆောင်ရွက်ပေးရမယ်လို့ သဘောသက်ရောက်တဲ့ စာတွေထည့်သွင်းရေးသားထားပါတယ်။

    ဒီသတင်းအမှားဖြန့်ဝေထားတဲ့ပို့စ်မှာ သဒ္ဒါအရေးအသားမှားယွင်းနေတဲ့ စကားစု အသုံးအနှူန်းတွေ၊ စာလုံးပေါင်းအမှားအယွင်းတွေများစွာပါဝင်သလို ဒေါ်အောင်ဆန်းစုကြည် ပြောထားခြင်းမရှိတဲ့ မွတ်စလင်ဝန်ကြီးဌာနထည့်သွင်းဖို့ဆိုတဲ့ကိစ္စတွေကို လုပ်ကြံရေးသားထားတာတွေ့ရပါတယ်။


    အဆိုပါ သတင်းအတုကို နေလ New Media ပေ့ချ်ကနေ ထပ်ဆင့်ဝေမျှသူ ၁၀၀ ကျော်ရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    နေလ New Media ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ မွတ်စလင် ဝန်ကြီးဌာနတွေ ဖွင့်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံက မှာကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    "အဲ့ဒါ လုံးဝ မဟုတ်ပါဘူး။ ပထမ ပြောချင်တာက မဟုတ်ပါဘူးလို့။ ဒီဟာက ဒေါ်ဝင်းမြမြတို့ ကိုစည်သူမောင်တို့ ဆိုတာကလည်း သူ့အရည်ချင်းအရသူတို့ အရွေးခံရတာပါ။ သူ့ဒေသက လူထုက ကြိုက်လို့ ရွေးချယ်လို့ အရွေးခံရတာပါ။ နောက်တစ်ခုက ကျွန်တော်တို့ NLD အနေနဲ့က လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု ဘာမှ မရှိပါဘူး။ တကယ်တော်ရင် တော်တဲ့သူကို ကျွန်တော်တို့ နေရာပေးတဲ့ အစဉ်အလာ ရှိပါတယ်။ နောက်တစ်ခုက ခုနက ပြောသလိုပဲ မွတ်စလင်ရေးရာ ဘာရေးရာ၊ ညာရေးရာ ဝန်ကြီးဖွဲ့မယ်ဆိုတာလည်း မရှိပါဘူးလို့ အဲ့ဒါပဲ ကျွန်တော်ပြောချင်ပါတယ်" လို့ မုံရွာအောင်ရှင်က Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    အဆိုပါ သတင်းအမှား ဖြန့်ဝေထားတဲ့ နေလ New Media ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ သတင်းဌာန အယောင်ဆောင်ထားပြီး နိုင်ငံရေးအရ ဝါဒဖြန့်တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို လည်းတွေ့ရပါတယ်။


    Tags

    False newsState Counsellor Myanmarfor the opening of Muslim affairs ministriesသတင်းအမှားမွတ်စလင်ရေးရာဝန်ကြီးဌာနနိုင်ငံတော်အတိုင်ပင်ခံ
    Read Full Article
    Claim :   နေလ New Media ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ မွတ်စလင် ဝန်ကြီးဌာနတွေ ဖွင့်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံက မှာကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!