BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အဆိုတော် ဗျူဟာအသတ်ခံရတယ်ဆိုတဲ့...
သတင်းအတု

အဆိုတော် ဗျူဟာအသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အပေါ် စစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ အဖမ်းခံထားရတဲ့ အဆိုတော် ဗျူဟာက သူဖမ်းခံရပြီးရက်အနည်းငယ်အကြာမှာပဲ သတ်ခံရလို့သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေတဲ့ သတင်းအကြောင်းအရာတွေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 May 2023 8:17 AM IST
  • အဆိုတော် ဗျူဟာအသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Thae Ei Mon ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီသတင်းမှားကို အခြေခံကာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကလည်း ထပ်မံ ဖြန့်ဝေလာကြတာပါ။

    Thae Ei Mon ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဖြန့်ဝေရာမှာ ‘အဆိုတော်ဗျူဟာ ဒီမနက်4နာရီလောက်က ဆုံးသွားပါပြီ။ Confirm ပါ။ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်’ လို့ ရေးသားဖြန့်ဝေခဲ့တာပါ။ ဘာကြောင့် အခုလို ဖြန့်ဝေခဲ့တယ်ဆိုတာ မသိရပေမယ့် သူမရဲ့ ပိုစ့်ကို ဖြန့်ဝေမှု အများအပြားရှိခဲ့တဲ့အပြင် ပိုစ့်ကို ဓာတ်ပုံရိုက်ပြီး ကူးယူဖြန့်ဝေမှုတွေပါ ရှိနေပါတယ်။

    မူရင်းရေးသားထားတဲ့ပို့စ်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အဆိုတော် ဗျူဟာနဲ့ ပက်သက်ပြီးဖြန့်ဝေကြတဲ့အထဲမှာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HD Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဗျူဟာ အသတ်ခံရပြီလို့ အရေးပေါ် ကြေညာပြီ။ (၂၇) ရက်နေ့’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အဆိုတော် ဗျူဟာ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ အဆိုတော် ဗျူဟာကို မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက မြောက်ဒဂုံတရားရုံးမှာ ချုပ်ရက် ရမန်ယူရုံးထုတ်ခဲ့တယ်လို့ The Irrawaddy သတင်းဌာနမှာ ဖော်ပြထားပါတယ်။


    သတင်းထဲမှာ လျှပ်စစ်မီး ပုံမှန်မရရှိတာနဲ့ ပက်သက်လို့ စစ်ခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် ဝေဖန်မှုနဲ့ ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ အဆိုတော် ဗျူဟာကို မေလ ၂၉ ရက်နေ့ မနက်ပိုင်းက မြောက်ဒဂုံတရားရုံးမှာ ချုပ်ရက် ရမန်ယူရုံး ထုတ်ခဲ့ကြောင်း၊ အဆိုတော် ဗျူဟာ ဟာ မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ကြောင်း၊ နှိပ်စက်ခံရတဲ့ ဓာတ်ပုံတွေပေါ်ထွက်လာပြီးတဲ့နောက် အဆိုတော်ဗျူဟာစစ်ကြောရေးမှာပဲ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ကြောင်းနဲ့ ရုံးထုတ်စဉ်တွေ့ဆုံခဲ့ရတဲ့ အခြေအနေမှာ ဆိုးရွားတဲ့ အခြေအနေ မရှိဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောကြားကြောင်း ဖော်ပြထားပါတယ်။

    The Irrawaddy သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Singer Byuharအဆိုတော်ဗျူဟာစစ်ကြောရေးဝေဖန်လျှပ်စစ်မီးFakenewsElectricity balckouts
    Read Full Article
    Claim :   လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အပေါ် ဝေဖန်ခဲ့လို့ အဖမ်းခံထားရတဲ့ အဆိုတော် ဗျူဟာ သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!