BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျပ်သိန်း ၅၀၀ နဲ့...
သတင်းအတု

ကျပ်သိန်း ၅၀၀ နဲ့ လေယာဉ်မှူးအသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ကျပ်သိန်း ၅၀၀ နဲ့ လေယာဉ်မှူး အသတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 April 2023 9:50 AM IST
  • ကျပ်သိန်း ၅၀၀ နဲ့ လေယာဉ်မှူးအသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Aung Kyaw ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘သိန်း (၅၀၀) နဲ့ လေယာဉ်မှူး ရှင်းခံရလို့ တပ်တွင်းပွဲဆူကုန်ပြီဗျို့။ ဇာတ်ရှိန်တကလာပြီဗျို့။ တပ်ပျက်ကိန်းဆိုက်ပြီ။ မြဝတီတိုက်ပွဲ BGF (၁၂၀) ကျော် သေဆုံး။ သိန်း (၅၀၀) နဲ့ လေယာဉ်မှူး အသတ်ခံရ’ လို့ ရေးသားထားပါတယ်။

    ဖြန်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။


    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ သိန်း (၅၀၀) နဲ့ လေယာဉ်မှူး ရှင်းခံရတယ်ဆိုတဲ့ အကြောင်းအရာအစား People's Spring ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ လေကြောင်းတိုက်ခိုက်နေတဲ့ လေယာဉ်မောင်းတွေကို အပြစ်ပေးစီရင်ဘို့ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) က ထုတ်ပြန်ထားတဲ့ ကျပ်သိန်း ၅၀၀တန်မြေကွက် အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာတွေက အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လေယာဉ်မောင်းသူတွေကို အပြစ်ပေးစီရင်နိုင်တဲ့ မည်သည့်အဖွဲ့ကိုမဆို ကျပ်သိန်း ၅၀၀ တန်ဖိုးရှိသည့်မြေကွက် ဆုချီးမြှင့်မယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) က ထုတ်ပြန်ထားတာပါ။

    ထုတ်ပြန်ချက်ထဲမှာ စုံစမ်းစစ်ဆေးမှုတွေအရ လာရောက်တိုက်ခိုက်တဲ့ လေယာဉ်မောင်းသူနှစ်ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အထူးအားကိုးတဲ့ လေယာဉ်မောင်းသူတွေဖြစ်ကြောင်း နဲ့ ပန်းပါကျေးရွာ တိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူများစွာ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    False newspilotလေယာဉ်မှူးလုပ်ကြံဆုငွေထုတ်Fakenews
    Read Full Article
    Claim :   ကျပ်သိန်း ၅၀၀ နဲ့ လေယာဉ်မှူး အသတ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!