BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုဝင်ဘာလအတွင်း အာဏာပြန်ရမယ်လို့...
သတင်းအတု

နိုဝင်ဘာလအတွင်း အာဏာပြန်ရမယ်လို့ NUG သမ္မတ ကတိပေးတယ်ဆိုတဲ့ သတင်းအမှား

ဆောင်းရာသီမတိုင်မီ တော်လှန်ရေးပြီးဆုံးကာ နိုဝင်ဘာလအတွင်း အာဏာပြန်ရမယ်လို့ NUG သမ္မတ ကတိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Sept 2022 1:39 PM IST
  • နိုဝင်ဘာလအတွင်း အာဏာပြန်ရမယ်လို့ NUG သမ္မတ ကတိပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို နွေဦးတော်လှန်ရေး ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ '၁၁ လပိုင်း အာဏာပြန်ရမယ်လို့ NUG သမ္မတ ကတိပေး။ မရရင် လာသတ်လို့ရတယ်' လို့ ရေးသားကာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်ကာဗာမှာ တော်လှန်ရေး ဆောင်းမတိုင်ခင်ပြီးမယ် ကတိပေးတယ်။ မပြီးရင် လည်လာလှီးလို့ ရတယ်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် 'အဆုံးအဖြတ်ပေးမယ့် ပွင့်လင်းရာသီ' ဆိုတဲ့ ကိုယ်ပိုင်အမြင်ကို ရေးသားထားတဲ့ ဖေစ့်ဘွတ်ပေါ်က စာတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။ ဒီအကြောင်းအရာထဲမှာ ၁၁ လပိုင်း အာဏာပြန်ရမယ်ဆိုပြီး NUG သမ္မတ ကတိပေးတယ်ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ခြင်းမရှိပါဘူး။

    NUG သမ္မတ ၁၁ လပိုင်း အာဏာပြန်ရမယ်လို့ ကတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို NUG အစိုးရရဲ့ သတင်းဖြန့်ဝေတဲ့ ဝက်ဘ်ဆိုက်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ အသိပေး ဖော်ပြထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။

    ဒီဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင်ဖန်တီးဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

    Tags

    return to powerMilitary CoupNUG PresidentNUG president promisedClickbaitFakenewsသတင်းမှားNUG သမ္မတ ကတိပေးအာဏာပြန်ယူ
    Read Full Article
    Claim :   ဆောင်းရာသီမတိုင်မီ တော်လှန်ရေးပြီးဆုံးကာ နိုဝင်ဘာလအတွင်း အာဏာပြန်ရမယ်လို့ NUG သမ္မတ ကတိပေး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!