BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲကိစ္စမမှန်မကန်ထုတ်ပြန်သူတွေကို...
သတင်းအတု

မဲကိစ္စမမှန်မကန်ထုတ်ပြန်သူတွေကို NLD ကတရားစွဲမယ်ဆိုတဲ့ သတင်းအမှား

အစိုးရသစ်ကို အောင်မြင်စွာဖွဲ့စည်းပြီးသွားပါက မဲမသမာမှုများမမှန်မကန် ထုတ်ပြန်ကြေညာခဲ့သူများကို NLD ပါတီက တရားစွဲဆိုသွားမယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2021 10:24 AM IST
  • မဲကိစ္စမမှန်မကန်ထုတ်ပြန်သူတွေကို NLD ကတရားစွဲမယ်ဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုကို Aung Naing Thu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က "တပ်မတော်စစ်သတင်းများနှင့်နိုင်ငံရေးသတင်းများ" ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဇန်နဝါရီလ ၂၄ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး အခြားဖြန့်ဝေထားမှုတွေလည်း ရှိနေပါတယ်။

    ရေးသားထားရာမှာ "ဖေဖော်ဝါရီ (၁) ရက်နေ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပပြီး အစိုးရသစ်ကို အောင်မြင်စွာဖွဲ့စည်းပြီးသွားပါက မဲမသမာမှုများအား မမှန်မကန်ထုတ်ပြန်ကြေညာခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဥပဒေပညာရှင်များနှင့် ညှိနှိုင်းပြီး တရားစွဲသွားမည်ဖြစ်ကြောင်း NLD ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးမှ ပြောကြားခဲ့သည်ဟု သိရှိရသည်" ဆိုပြီး ရေးသားထားတာပါ။

    ပိုစ့်ရဲ့အောက်မှာတော့ NLD ပါတီအပေါ် ဝေဖန်ပြစ်တင်တဲ့ မှတ်ချက်အမြောက်အများလည်း ရှိနေပါတယ်။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေမှုတွေဟာ ကောလဟလများသာဖြစ်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောထားပါတယ်။ "ဒါမဟုတ်ပါဘူး။ NLD ပါတီရဲ့ ဘယ်ထိပ်သီးခေါင်းဆောင်မှ အဲ့ဒီလို ပြောခဲ့တာမျိုး မရှိပါဘူး။ အဲဒီသတင်းကလည်း မဟုတ်ပါဘူး။ အခုက အစိုးရသစ်ဖွဲ့ဖို့အချိန်က အရမ်းနီးလာပြီ။ ဒီအခါမှာ ပါတီနဲ့ ပါတ်သတ်ပြီး နာမည်ပျက်တဲ့ ကိစ္စတွေ၊ ပြည်သူနဲ့ ပါတီကြား၊ ပါတီအချင်းချင်းကြား သွေးကွဲစေမယ့် စကားတွေ၊ သတင်းမှားတွေကို ဖြန့်ကြတာ ပိုများတယ်။ အဲ့ဒါတွေကို ချင့်ချိန်ဆုံးဖြတ်ပြီးမှ ယုံစေချင်တယ်" လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

    ယခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ NLD ပါတီအကြား အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ကြံရေးသားထားတဲ့ သတင်းမှား ဖြန့်ဝေမှု အများအပြားရှိလာတာလည်း တွေ့နေရပါတယ်။

    Tags

    election resultMilitaryNLD partyအစိုးရသစ်ဖွဲ့စည်း
    Read Full Article
    Claim :   အစိုးရသစ်ကို အောင်မြင်စွာဖွဲ့စည်းပြီးသွားပါက မဲမသမာမှုများမမှန်မကန် ထုတ်ပြန်ကြေညာခဲ့သူများကို NLD ပါတီက တရားစွဲဆိုသွားမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!