BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီ ဖျက်သိမ်းဖို့ သေချာနေပြီ...
သတင်းအတု

NLD ပါတီ ဖျက်သိမ်းဖို့ သေချာနေပြီ ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ရဲ့ NLD ပါတီအပေါ် ပြောဆိုမှုတွေနဲ့ ပက်သက်ပြီး ဝေဖန်ပြောဆိုမှုတွေနဲ့အတူ နောက်ဆက်တွဲ သတင်းအမှား ဖြန့်ဝေမှုတွေ မြင့်တက်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Aug 2020 8:47 PM IST
  • NLD ပါတီ ဖျက်သိမ်းဖို့ သေချာနေပြီ ဆိုတဲ့ သတင်းအမှား

    ဒီလိုဝေဖန်မှုတွေ သတင်းအမှား ဖြန့်ဝေမှုတွေထဲမှာ NLD ပါတီဖျက်သိမ်းဖို့ သေချာနေပြီဆိုတဲ့ နောက်ဆက်တွဲ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။

    Nandaraung Nandaraung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက သြဂုတ်လ ၁၃ ရက်နေ့ မနက် ၇ နာရီ ၄၃ မိနစ်မှာ အဆိုပါ သတင်းအမှားကို ရေးတင်ခဲ့တာဖြစ်ပြီး မူရငးရေးသားချက်ထဲမှာ "NLD ပါတီ ဖျက်သိမ်းဖို့ 99% နှန်း သေချာသွားပါပြီ။ မြန်မာသမိုင်း မရိုင်းရအောင် ညင်သာစွာကိုင်တွယ် ဆုံးဖြတ်ဖို့ တာဝန်ရှိသူများ ဆွေးနွေးညှိနိင်းနေကြပါပြီ။ မြန်မာစကား ပုံတခုလိုပြောရမယ်ဆိုရင် ခွေးကိုရိုက်ချင်ရင် ခွေးရှင်မျက်နှာ ကြည့်ရမယ်ဆိုသလိုပေါ့။ ရက်အနည်းငယ်တော့ သီးခံစောင့်စားကြပါ အမျိုးတို့ fri များအားလုံး မင်္ဂလာပါ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် အဆိုပါ သတင်းအမှားနဲ့အတူ "NLD ပါတီ တဖွဲ့လုံး ခုချိန်မှာ တောင်းပန်ပီး အမှားဝန်ခံလိုက်ရင် ဗိုလ်ချုပ်မျက်နှာနဲ့ သက်သာခွင့် ရနိုင်တယ်။ အကြံပေးတာနော်" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားတဲ့ ပုံ တစ်ပုံ တွဲတင်ထားပါတယ်။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၁၁၀၀ ကျော် ရှိနေပြီး Like လုပ်ထားသူ ၆၀၀ ကျော် နဲ့ Comment ပေါင်း ၄၀၀ ကျော် ရှိနေပါတယ်။

    ဒါ့အပြင် သီဟနိုင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း အဆိုပါ သတင်းအမှားကို ပြန်တင်ထားပြီး ၎င်းထံမှ ထပ်ဆင့်ဝေမျှသူ ၂၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Nandaraung Nandaraung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းထိ သေချာနေပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို ရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "Orchid ဦးဌေးအောင် ပြောတဲ့ဟာကို NLD က ပြန်မရှင်းဘူးပေါ့။ မရှင်းတဲ့အတွက်ကြောင့် ဒါတွေက မှန်လို့ပေါ့လေ။ မှန်လို့ မရှင်းတာဆိုပြီးတော့ ကောက်ချက် ထပ်ချတယ်။ အဲ့ဒါ ဒီ မှန်တဲ့အတွက်ကြောင့် မရှင်းနိုင်တဲ့အတွက်ကြောင့် NLD ပါတီဟာ မကြာခင် ဖျက်သိမ်းရတော့ မယ်ဆိုတာမျိုးတွေလည်း သတင်းအမှားတွေ ထုတ်လွှင့်တယ်ပေါ့။ NLD ပါတီက ဘယ်လိုပါတီမျိုးလဲဆိုတာ သေချာသိဖို့တော့ လိုလိမ့်မယ်။ NLD ပါတီကို ဖျက်သိမ်းဖို့ အတွက် စစ်ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်တွေက နှစ်ပေါင်း ၃၀ လောက် ကြိုးစားလာတာတောင်မှ NLD ပါတီက မပျက်ခဲ့ဘူး။ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေ့မသွားဘူး။ ပိုပြီးတော့တောင်မှ လူထု ထောက်ခံမှု ရလာတယ်။ အဲ့ဒါကြောင့် ဖျက်သိမ်းဖို့ ပြင်ဆင်နေပြီ၊ ဖျက်သိမ်းရတော့မယ်ဆိုတဲ့ သတင်းကလည်း ဒါက သတင်းအမှား ဖြစ်တယ်လို့ ပြောချင်ပါတယ်။" လို့ မုံရွာအောင်ရှင် က ဆိုပါတယ်။

    အဆိုပါ သတင်းအမှားတင်ခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့် ၂ ခုလုံးကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ NLD ပါတီအပေါ် သတင်းအမှား ဖြန့်ဝေတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    Tags

    False newsthe NLDwill abolishNLD ပါတီဖျက်သိမ်းဖို့ သေချာသတင်းအမှား
    Read Full Article
    Claim :   Nandaraung Nandaraung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းထိ သေချာနေပြီဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!