BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီဖျက်သိမ်းလိုက်ပြီဆိုတဲ့...
သတင်းအတု

NLD ပါတီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ပိုင်းမှာ NLD ပါတီကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  5 Feb 2021 4:52 PM IST
  • NLD ပါတီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ရဲဇာနည် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်မှာ အမျိုးဘာသာ ချစ်မြတ်နိုးသူများဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီးတော့ အဲ့ဒီ သတင်းအမှားထဲမှာ "NLD ပါတီကို ဖျက်သိမ်းလိုက်ပြီ" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ပိုစ့်ကို Comment ရေးသားသူ အများစုဟာ "သူခိုးပါတီnld. ဖျက်သိမ်းသင့်ပါသည်" ၊ "nldပါတီမြန်မာပြည်အတွက်အလိုမရှိ" ၊ "NLD မျိုးတုန်းပီ ဟေ့" ၊ "သေချာပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ" စတဲ့ မှတ်ချက်ပေါင်း များစွာကို ရေးသားထားကြပါတယ်။

    ဒီလို သတင်းအမှားတင်ခဲ့တဲ့ ရဲဇာနည် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ အဆိုပါ ဖေ့စ်ဘွတ် group ထဲမှာ "မဲသူခိုး NLD ပါတီကို ဖျက်သိမ်းပြီး မြောင်းထဲပို့လိုက်ပြီ" လို့ ရေးသားဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ရဲဇာနည်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ NLD ပါတီကို တိုက်ခိုက်ဖို့ ဖြန့်ချီထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    လက်ရှိအချိန်မှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပါတီရုံးတွေက စာရွက်စာတမ်းတွေ ယူဆောင်ခြင်းခံခဲ့ရတာမျိုးတွေသာ ရှိပါတယ်။ ပါတီက ဖျက်သိမ်းခံထားရခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေပြည်တော်က စည်ပင် ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိခဲ့တဲ့ NLD ကိုယ်စားလှယ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူ ခဲ့ပါတယ်။ ကျန်တဲ့ အမတ် ၄၀၀ ကျော်ကိုလည်း Online ကနေ ကျမ်းသစ္စာကျိန်ဆိုတာတွေ ကတိပြုလွှာတွေ လက်မှတ်တွေ ကောက်ယူသွားမယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောခဲ့ကြောင်း RFA သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

    NLD အမတ် ၇၀ ကျော် ကိုယ်တိုင်လွှတ်တော်ခေါ်ခဲ့တဲ့ သတင်းကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။




    Tags

    False newsNLDabolishedသတင်းအမှားNLD ဖျက်သိမ်းMyanmar military coupElection Myanmar
    Read Full Article
    Claim :   ရဲဇာနည်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီ ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!