BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှု မထမ်းမနေရ...
သတင်းအတု

စစ်မှု မထမ်းမနေရ အမိန့်အတည်ပြုလိုက်ပြီ ဆိုတဲ့ သတင်းအတု

စစ်မှုမထမ်း မနေရ ဥပဒေ ပြဌာန်းလိုက်ပြီဆိုတဲ့ သတင်းအမှားတွေပါဝင်တဲ့ YouTube Video တွေကို လူမှုကွန်ရက်မှာဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2020 5:38 PM IST
  • စစ်မှု မထမ်းမနေရ အမိန့်အတည်ပြုလိုက်ပြီ ဆိုတဲ့ သတင်းအတု

    အဆိုပါ Video ကို YouTube ပေါ်မှာ သတင်းအမှားတွေတင်ပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ကာ စီးပွားရှာနေတဲ့ Opera Mini ဆိုတဲ့ YouTube Channel နဲ့ Myanmar Daily News ဆိုတဲ့ YouTube Channel တို့က နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ထားခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ထပ်ဆင့်ဝေမျှသူ ပြန်လည် မြင့်တက်နေပါတယ်။

    အဲ့ဒီ YouTube Video ဟာ ၃ မိနစ် ၅၄ စက္ကန့် ကြာမြင့်ပြီး အဲ့ဒီ Video ထဲမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ခန့်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ "ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ဖြစ်လာရင်" ဆိုတဲ့ အကြောင်းအရာကို နောက်ခံအသံ ရွတ်ဆိုကာ Video ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    အဲ့ဒီ Video ထဲမှာ ပြောဆိုထားတာတွေက "တာဝန်ထမ်းဆောင်ရမည့်သူများ အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသား အားလုံး အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများ အားလုံး။ ကျွမ်းကျင် ပညာရှင် ဖြစ်လျင် အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသား အားလုံး အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများ အားလုံး။ ယာယီ ဆေးအဆင့်နိမ့်နေသူများ နိူင်ငံဝန်ထမ်းများ ပညာသင်ကြား နေသူများ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများ နှင့် ထောင်ဒဏ်ကျခံနေရသူများ (ယာယီ ကင်းလွတ်ခွင့် ပြုထားချိန်တွင် အသက်ကန့်သတ်ချက် ကျော်လွန်သွားလျှင် ကင်းလွတ်ခွင့်မပြု ပါ မဖြစ်မနေ တာဝန် ထမ်းဆောင်ရမည်။ ကင်းလွတ်ခွင့်ရသူများ သာသနာ့ ဝန်ထမ်းများ ( မည်သည့် ဘာသာမဆို ) အိမ်ထောင်သည် အမျိုးသမီးများ သားသမီး ရှိသော အိမ်ထောင်ပျက် အမျိုးသမီးများ ဆေးစစ်ဆေးချက် အရ စစ်မှုထမ်းရန် မသင့်လျော်သူ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ" စတဲ့ အကြောင်းအရာတွေကို ပြောဆိုထားပြီး သတင်းရဲ့ နောက်ပိုင်းမှာ စစ်မှုထမ်းရမယ့် ကာလ နဲ့ စည်းကမ်းဖောက်ဖျက်ခဲ့ရင် အပြစ်ပေးခံရမယ့် ဥပဒေတွေအကြောင်း ပြောဆိုထားပါတယ်။

    အဲ့ဒီ YouTube Channel ၂ ခု ပေါ်က Video ကို ဝင်ရောက် ကြည့်ရှု့သူ အရေအတွက်ဟာ ၁ သိန်းခွဲကျော်နဲ့ ၃ သောင်းကျော် အသီးသီး ရှိနေပါတယ်။ ၂၀၁၆ ခန့်က ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာနဲ့ YouTube Video ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    YouTube Channel တွေပေါ်က Video တွေမှာ ပြောဆိုထားတဲ့ စစ်မှုမထမ်း မနေရ ဥပဒေ ပြဌာန်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဲ့ဒီ အကြောင်းအရာဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေထဲက အကြောင်းအရာတွေကို ပြောဆိုထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ပြဌာန်းခဲ့တဲ့ စစ်မှုထမ်း ဥပဒေ အကြောင်းကို ဒီမှာ ကြည့်ပါ။


    အဲ့ဒီ စစ်မှုထမ်း ဥပဒေဟာ အတည်ပြု ပြဌာန်းခဲ့ပေမယ့် စတင်ကျင့်သုံးမယ့် အချိန်ကို သိလိုတဲ့အတွက် ၂၀၁၁ ခုနှစ်က ပြည်သူ့လွှတ်တော်မှာ စမ်းချောင်းမဲဆန္ဒနယ်က ဦးစိုးဝင်းက မေးခွန်းမေးမြန်းတဲ့အခါမှာ ပြည်ထောင်စု ရှေ့နေချုပ် ဦးအေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဆိုတဲ့ နေရာကို နိုင်ငံတော်သမ္မတ ဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြီး ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာ ထုတ်ပြန်တဲ့ အချိန်မှသာ အဆိုပါ ဥပဒေဟာ အတည်ဖြစ်မှာ ဖြစ်ကြောင်းဖြေကြားထားပါတယ်။ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ် ဦးအေးမောင် ဖြေကြားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


    အဲ့ဒီ ဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကနေ လက်ရှိ NLD အစိုးရလက်ထက် သမ္မတ ဦးဝင်းမြင့် လက်ထက်ထိ အမိန့်ကြော်ငြာချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    ဒီသတင်းအမှား Video ဖန်တီးထားတဲ့ YouTube Channel ဟာ မကြာခဏ သတင်းအမှားတွေ တင်ပြီး ၎င်းတို့ Channel ကို ဝင်ရောက် ကြည့်ရှု့သူ များအောင် ပြုလုပ်နေတဲ့ YouTube ပေါ်မှာ စီးပွားရှာနေတဲ့ Channel ပဲ ဖြစ်ပါတယ်။ ၎င်းမှာ နာမည်မျိုးစုံနဲ့ ဖွင့်ထားတဲ့ YouTube Channel တွေ ရှိပြီး အဲ့ဒီ Channel တွေက Video တွေကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူများတဲ့ Group တွေထဲ မျှဝေလေ့ရှိပါတယ်။





    Tags

    False newsmilitary service lawYouTube Channelစစ်မှုထမ်းအမိန့်သတင်းအတု
    Read Full Article
    Claim :   YouTube Channel တွေပေါ်က Video တွေမှာ ပြောဆိုထားတဲ့ စစ်မှုမထမ်း မနေရ ဥပဒေ ပြဌာန်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!