BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီခေါင်းဆောင်ကို ၄ လအတွင်း...
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ကို ၄ လအတွင်း ကြိုးပေးသတ်နိုင်တော့မယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ(၄) လအတွင်း ကြိုးပေးသတ်နိုင်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးနေတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 April 2023 8:34 AM IST
  • စစ်ကောင်စီခေါင်းဆောင်ကို ၄ လအတွင်း ကြိုးပေးသတ်နိုင်တော့မယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Video Base ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မအလကို လှုပ်မရအောင်ချုပ်ပြီ US ဆင်ထားတဲ့ အကွက်ထဲ ဝင်သွားလို့ ICCမှာ(၄)လအတွင်း ကြိုးစင်တက်ဖို့ သေချာပြီ’ လို့ ရေးသာထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘စစ်ခေါင်းဆောင် ၄ လအတွင်း ICC မှာ ကြိုးစင်တက်ဖို့ သေချာပြီ’ ဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဖမ်းဝရမ်း ထုတ် အရေးယူလာနိုင်ဖွယ်ရှိလား ဆိုတာနဲ့ ပက်သက်ပြီး ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။

    ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ပူတင်ကို မတ်လ ၁၇ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက် မြန်မာစစ်ခေါင်းဆောင်ကိုလည်း အလားတူ အရေးယူလာနိုင်လားဆိုပြီး အပြန်အလှန် ဝေဖန်ပြောဆိုနေတာပါ။

    နိုင်ငံတကာရာဇဝတ်ခုံရုံး ICC စတင်ဖွဲ့စည်းခဲ့စဉ်မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ မြန်မာနိုင်ငံ မပါဝင်ခဲ့တဲ့အတွက် မြန်မာစစ်တပ်ကို ICC ကနေ အရေးယူလို့ မရဘူးဆိုပြီး ထောက်ပြပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ရောမစာချုပ်ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ICC ကို တရားစွဲဆိုထားတာ ရှိတာအတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်နိုင်တဲ့အကြောင်း သတင်းဌာနတွေမှာ ပြောဆိုထားတာလည်း ရှိနေပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC က ဖမ်းဆီးလို့မရနိုင်ဘူးလို့ ဆိုပေမယ့် ICC အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီး လွှဲပြောင်းပေးနိုင်တဲ့အကြောင်း ပြောထားတာတွေလည်း ရှိနေပါတယ်။

    မြန်မာစစ်ခေါင်းဆောင်ကို အလားတူ ICC က အရေယူနိုင်လား ဆိုတဲ့အကြောင်းကို RFA သတင်းဌာနမှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားတာ ရှိပါတယ်။

    ဆောင်းပါး အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ကြိုးစင်တက်hangedFakenwsဖမ်းဝရမ်းထုတ်ရာဇဝတ်မှုClickbaitsMilitary Coup
    Read Full Article
    Claim :   စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ(၄) လအတွင်း ကြိုးပေးသတ်နိုင်တော့မယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!