BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေယာဉ်ဆီခိုးရောင်းချမှုနဲ့...
သတင်းအတု

လေယာဉ်ဆီခိုးရောင်းချမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ လေယာဉ်အုပ်မှူး ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

လေယာဉ်ဆီခိုးရောင်းချမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ စစ်ကောင်စီလေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  28 Jun 2024 9:03 AM IST
  • လေယာဉ်ဆီခိုးရောင်းချမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ လေယာဉ်အုပ်မှူး ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Entertainment ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အချင်းချင်းကိုက် ကျိန်စာစူးပြီ။ လေယာဉ်ဆီတွေခိုးထုတ်ပြီး လေယာဉ်ပျက်ကျစေတဲ့ လေယာဉ်အုပ်ကြီး ဗိုလ်မှူးချုပ်ကို ဖမ်းဆီးသတ်ဖြတ်' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းက မြန်မာစစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချပြီး စစ်ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ လေယာဉ်ဆီခိုးရောင်းချမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ စစ်ကောင်စီလေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းထဲမှာ လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးကို တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တောင်ငူလေတပ်စခန်းကို ရွှေ့ပြောင်းလိုက်တဲ့အကြောင်း ရေးသားထားတာပါ။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တိုက်လေယာဉ်အုပ်မှူးလေယာဉ်ဆီခိုးရောင်းချမှုဖမ်းဆီးသတ်ဖြတ်သတင်းအတုFakenews
    Read Full Article
    Claim :   လေယာဉ်အုပ်မှူး ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!