နိုင်ငံငြိမ်းချမ်းအောင် ပြန်လုပ်ပေးဖို့ ဒေါ်စုကို ဇော်မင်းထွန်းပြောတယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းပြောတယ်ဆိုတဲ့အကြောင်းအရာဟာ လူမှုကွန်ရက်ပေါ်မှာ အလွန်အမင်းပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြောင်းအရာတွေဟာ ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဖြန့်ဝေမှုအများစုမှာ အခုလိုရေးသားထားတာဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား" ဆိုပြီး ရေးသားဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

မူရင်း ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိင်ပါတယ်။

သတင်းဆန်းစစ်ချက်

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေ လျှော့ပေးမယ်ဆိုတာနဲ့ ပါတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ထုတ်ဖော်ရေးသားထားခြင်း မရှိသလို စစ်တပ်ရဲ့ သတင်းပြန်ကြားရေးဝဘ်ဆိုက် "တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး" ဝက်ဆိုက်မှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ စစ်ကောင်စီရဲ့ "တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး" ဝက်ဆိုက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၃ ရက် က နေပြည်တော်မှကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်ပြောဆိုတဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရှေ့နေတွေကတဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ အကြမ်းဖက်ကိစ္စတွေနဲ့ CRPH၊ NUG အဖွဲ့တွေ ဖွဲ့စည်းတာကို သိရှိပြီးဖြစ်တယ်လို့ ယူဆကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရှေ့နေတွေကတဆင့် မှတ်ချက်တွေပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်သာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ယခုလ ၆ ရက်နေ့က ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် လေးနှစ်စီ အသီးသီးချမှတ်ပြီး ၂ နှစ် လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိတဲ့ အမှုတွေကို ဆက်လက်စစ်ဆေးနိုင်ဘို့ အကျဉ်းထောင်ကို ပို့ဆောင်ခြင်းမရှိပဲ အခုလက်ရှိနေရာမှာပဲ ဆက်လက်ထားရှိဘို့ ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ အမှုစစ်ဆေးစဉ်ကာလမှ စီရင်ချက် ချမှတ်ချိန်အထိ သတ်မှတ်ချက်တွေအတိုင်း သူတို့ရဲ့ ရှေ့နေတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ ရှေ့နေတွေကနေတဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ အကြမ်းဖက်ကိစ္စတွေနဲ့ CRPH၊ NUG အဖွဲ့တွေ ဖွဲ့စည်းတာကို သိရှိပြီးဖြစ်တယ်လို့ ယူဆကြောင်းတွေသာ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဒေါ်စုကိုအထက်ပါပုံစံအတိုင်းပြောဆိုခဲ့တယ်ဆိုတဲ့အကြောင်းအရာဟာ အမှန်တကယ်ပြောဆိုခဲ့ခြင်းမရှိသလို၊ အလားတူပြောဆိုမှုမျိုးလည်းစစ်ကောင်စီဖက်ကထုတ်ပြန်ထားတာမရှိပါဘူး။

Claim :   ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.