BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီကို UN မှာ...
သတင်းအတု

စစ်ကောင်စီကို UN မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းအမှား

UN အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်ရာမှာ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ပြီးခဲ့တဲ့ရက်ပိုင်းတွေက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  28 Jun 2022 8:13 PM IST
  • စစ်ကောင်စီကို UN မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့် "နစက"အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု။ ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့ နစကအား အစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉....ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    UN အစည်းအဝေး မဲခွဲဆုံးဖြတ်ချက်နဲ့ စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူစဉ်ကနေ အခုချိန်ထိ စစ်ကောင်စီကို UN က အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ ဒီလို အသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းအရာကို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ ဒီလိုအကြောင်းအရာမျိုးကို သတင်းအမှားဖြန့်သူတွေက ဝါဒဖြန့်ဖို့ ကြိမ်ဖန်များစွာ လုပ်ကြံရေးသားထာခြင်းသာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး NUG နဲ့ ပတ်သက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကုလဆိုင်ရာမြန်မာ သံအမတ် အဖြစ် တရားဝင်တည်ရှိနေဆဲ ဖြစ်ပြီး စစ်ကောင်စီက ဦးကျော်မိုးထွန်းကို ဖြုတ်ချဖို့ ကြိုးပန်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

    ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။





    Tags

    False newsMilitaryCoupUN general assemblyသတင်းအမှားစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   စစ်ကောင်စီကို UN မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!