BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းနိုင်ငံကို တိုက်ခိုက်ဘို့...
သတင်းအတု

ထိုင်းနိုင်ငံကို တိုက်ခိုက်ဘို့ စစ်ကောင်စီအရေးပေါ် ထုတ်ပြန်ဆိုတဲ့ သတင်းအမှား

လက်နက်ပွဲစား ထွန်းမင်းလတ် အရေးယူခံရမှုအတွက် စစ်ကောင်စီက ထိုင်းကို တိုက်ခိုက်ဘို့ အရေးပေါ်ထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  9 April 2023 5:06 PM IST
  • ထိုင်းနိုင်ငံကို တိုက်ခိုက်ဘို့ စစ်ကောင်စီအရေးပေါ် ထုတ်ပြန်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ News fresh ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၇ ရက်နေ့ ကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားယခုတိုင် ဆက်လက်ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ထိုင်းရဲက ဖမ်းချုပ်ပြီး အဆုံးသတ်လိုက်လို့ ဝမ်းနည်းနေတဲ့စကစ ပေါက်ကွဲပြီ။ ဗမာစစ်တပ်ရဲ့ လက်နက်ပွဲစား သေဒဏ်ပေးခံရပြီးနောက် ရှိသမျှအားနဲ့ ထိုင်းကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ အရေးပေါ် ထုတ်ပြန်’ ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင် ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာခရိုနီ လက်နက်မှောင်ခိုပွဲစား ဦးထွန်းမင်းလတ်အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာဖြစ်ပြီး ဒီထဲမှာ စစ်ကောင်စီက ထိုင်းနိုင်ငံကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါ။

    မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် စွပ်စွဲဖမ်းဆီးထားသော လက်နက်ပွဲစား ဦးထွန်းမင်းလတ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

    လက်ရှိမှာ မူးယစ်ဆေးဝါးအရောင်းအဝယ်နှင့် ငွေကြေးခဝါချမှုတွေ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ခရိုနီ ထွန်းမင်းလတ်၊ သူ့ရဲ့ဇနီးနဲ့ သူပိုင်ဆိုင်တဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတေွ ပြုလုပ်ထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ထိုင်းအထက်လွှတ်တော်အမတ်လက်နက်ပွဲစားဦးထွန်းမင်းလတ်အမေရိကန်attack Thailandmilitary councilခရိုနီFakenewsClickbaits
    Read Full Article
    Claim :   လက်နက်ပွဲစား ထွန်းမင်းလတ် အရေးယူခံရမှုအတွက် စစ်ကောင်စီက ထိုင်းကို တိုက်ခိုက်ဘို့ အရေးပေါ်ထုတ်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!