
သူဇာဝင့်လွင်ကို စစ်ကောင်စီရဲ့ ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား
အမေရိကန်နိုင်ငံက Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ကို စစ်ကောင်စီကဖမ်းမိန့်ထုတ်တယ်ဆိုပြီး လူမှုမီဒီယာတွေမှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းမှားပဲ ဖြစ်ပါတယ်။

ဒီသတင်းတွေကို မေလ ၁၇ ရက်နေ့ကတည်းက လူမှုကွန်ရက်မှာစတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဘလောဂ့်တွေမှာ ရေးသားဖေါ်ပြနေပြီး ပြန်လည်ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ "ကမ္ဘာ့စင်မြင့်ထက်မှာ မြန်မာနိုင်ငံအကြောင်း SPEAK OUT လုပ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းမိန့်ထုတ်ပြန် ခြင်း ခံလိုက်ရတဲ့ အလှမယ် သူဇာဝင့်လွင်" လို့ ရေးသားထားပြီး သူဇာဝင့်လွင်ကို စစ်ကောင်စီက ဖမ်းမိန့်ထုတ်ထားကြောင်း ထိုင်းမီဒီယာတစ်ခုမှာ ဖော်ပြထားတယ်လို့ ရေးသားထားတာပါ။
ဒီလိုဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီဖြန့်ဝေမှုတွေဟာ အမှားဖြစ်ကြောင်းကို သူဇာဝင့်လွင်က သူမရဲ့တရားဝင်ဖေစ့်ဘွတ်မှာ မေလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ပြန်လည်ဖြေရှင်းထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
အလှမယ် သူဇာဝင့်လွင်ဟာ အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပြီး ပြိုင်ပွဲမှာ ချင်းရိုးရာ ဝတ်စုံနဲ့ "Best National Costume" ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အလှမယ် သူဇာဝင့်လွင်ဟာ ကမ္ဘာ့ နံပါတ် ၁ အလှမယ်ပြိုင်ပွဲ Miss Universe ပွဲကြီးမှာ Top 21 ဝင်ခဲ့တဲ့ ပထမဆုံး မြန်မာ့အလှမယ်တဦး ဖြစ်သလို၊ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးကို Speak Out လုပ်ပေးနေသူ ဖြစ်ပါတယ်။
Claim : Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ကို စစ်ကောင်စီကဖမ်းမိန့်ထုတ်တယ်ဆိုပြီး လူမှုမီဒီယာတွေမှာ ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By : Facebook, Website
Fact Check : False
Next Story