စစ်ကောင်စီက လေးကေ့ကော်ကို ထိန်းချုပ်နိုင်ပြီလို့ ဖြန့်ဝေတဲ့ သတင်းအမှား

တပ်မတော်က ကရင်ပြည်နယ်၊ လေးကေ့ကော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်ဖမ်းဆီးပြီး လေးကေ့ကော်ဒေသကို ထိန်းချုပ်နိုင်ပြီလို့ လူမှုမီဒီယာတွေပေါ် ဝါဒဖြန့်ရေးသား ဖြန့်ဝေနေတဲ့အကြောင်းအရာတွေဟာမှားယွင်းနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဝါဒဖြန့်ချိနေတဲ့ ဒီသတင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ပြီး စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းရဲ့ ဖေစ့်ဘွတ်ဂရုနဲ့ ပေချ့်တွေမှာ ကူးယူဖြန့်ဝေနေတာပါ။ သတင်းထဲမှာ "လေးကေ့ကော်မြို့သစ်၊ ထီးမယ်ဝါးခီးနှင့် မယ်ထော်သလေးတစ်ဝိုက် ခိုအောင်းနေထိုင်နေတဲ့ CRPH၊ NUG နဲ့ PDF အဖွဲ့ဝင်တွေကို တပ်မတော်က ဖော်ထုတ်ဖမ်းဆီးပြီး ဒေသခံတွေ ပြန်လည်နေထိုင်နိုင်ဘို့ ဆောင်ရွက်နေကြောင်း၊ တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် လေးကေ့ကော်မြို့သစ်မှလွှဲပြီး ကျန်ရှိတဲ့ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့ တိုက်ပွဲကြောင့် တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ ပြန်လည်နေထိုင်ရန် တပ်မတော်က ဖိတ်ခေါ်ကြောင်း" တွေ ပါဝင်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်ရဲ့ ဝါဒဖြန့်မှုနဲ့ ပါတ်သတ်ပြီး သံလွင်တိုင်းမ် သတင်းဌာနက KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းထားမှုကို ဇန်နဝါရီ ၃ ရက်နေ့က ဖော်ပြထားတာ ရှိပါတယ်။


စစ်ကောင်စီက လေးကေကော်ကို ထိန်းချုပ်နိုင်ပြီးလို့ ဝါဒဖြန့်နေတဲ့အပေါ် KNU ဘက်က အမြင်ကို မေးမြန်းထားတာပါ။ ဒီအချက်အပေါ် KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ဒီဝါဒဖြန့်မှုဟာ မိုးလုံးပြည့်မုသာဝါဒ သာဖြစ်ကြောင်း၊ သူတို့ထိမ်းချုပ်တယ်ဆိုတာ ဘာကိုထိမ်းချုပ်နေတယ်ဆိုတာ မသိရှိကြောင်း၊ ထိမ်းချုပ်နိုင်တယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဖမ်းဆီးမိစရာ အကြောင်းမရှိကြောင်းနဲ့ KNU ဘက်က နေရာဆုတ်ခွါတာရှိပေမယ့် ခနတာသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Claim :   တပ်မတော်က ကရင်ပြည်နယ်၊ လေးကေ့ကော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်ဖမ်းဆီးပြီး လေးကေ့ကော်ဒေသကို ထိန်းချုပ်နိုင်
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.