BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 May 2022 8:56 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Media1 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၉ ရက် ည ၇ နာရီ ၄၇ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ကို ဖြန့်ဝေရာမှာ Website link တစ်ခုကို မျှဝေထားပြီး "အမေစုနောင်ရေးကိစ္စဗိုလ်ချုပ်ဇော်မင်းထွန်းပြတ်ပြတ်သားသားဖြေလိုက်ပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။ အဆိုပါ Website link ရဲ့ Feature Photo ပေါ်မှာ "၂၉ ရက်အထူး ၊ အမေစုကို ပြည်နှင်ဒဏ်ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ DVB ကို အတည်ပြုဖြေဆိုသွား" လို့ ရေးသားထားပါတယ်။ ၎င်း Link ကို နှိပ်ကြည့်တဲ့အခါမှာတော့ website ထဲကို ရောက်သွားပြီး ၇ မိနစ်နဲ့ ၄၀ စက္ကန့်ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ (အဆိုပါ သတင်းအမှားကို Media1 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၉ ရက် ည ၇ နာရီ ၄၇ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ကို ဖြန့်ဝေရာမှာ Website link တစ်ခုကို မျှဝေထားပြီး) နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေ့ချ်တွေကနေဖြန့်ဝေထားသလို လူများတဲ့ ဖေ့စ်ဘွတ် Group တွေထဲကိုလည်း ဖြန့်ဝေထားပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နှင်ဒဏ်ပေးတော့မယ်လို့ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ဇော်မင်းထွန်းက ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသလို ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြောဆိုထားခြင်းမရှိပါဘူး ။ သတင်းအမှားတင်တဲ့ အဖွဲ့ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းတွေကို လုပ်ကြံရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ Clickbait သတင်းတွေတင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

    ၎င်းတို့သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်နှင်ဒဏ်ပေးမယ်လို့ ဖြန့်ထားပေမယ့် အတွင်းမှာ တစ်ခြားသတင်း ၄ ပုဒ်ကို နောက်ခံအသံရွတ်ဆိုပြီး Video ပြုလုပ်ထားတာကိုသာ တွေ့ရပါတယ်။ အထဲမှာ ပါဝင်တဲ့ သတင်းတွေကတော့ "စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုနဲ့ မကွေးတိုင်းအတွင်းရှိ မြို့နယ်အများစုတွက် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရဆိုတဲ့သတင်း၊ စစ်တပ်သတင်းပေး နှင့်ပျူစောထီးခေါင်းဆောင် လှိုင်သာယာလူမိုက် သန်းဇော် ပစ်သတ်ခံရ ၊ မအူပင်တွင် စစ်ကောင်စီ သတင်းပေး အင်းသူကြီးသား နိုင်ဦး ပစ် ခတ်ခံရပြီး သေဆုံးဆိုတဲ့သတင်း၊ နစက နဲ့ KNU၊ KNLA-PC တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်တာ ရလဒ်များအရ သဘောတူ စာချုပ် လက်မှတ်ရေးထိုး ဆိုတဲ့ သတင်း၊ စစ်တပ်ပိုင်မြေကိုငှားရမ်းပြီး Y complex စီမံကိန်းတွင် ပါဝင်ခြင်းဖြင့်စစ်တပ်ကို ငွေကြေးထောက်ပံ့နေသည့် ဂျပန် Company များ နုတ်ထွက်ရန်တောင်းဆို ဆိုတဲ့သတင်း" စတဲ့ သတင်းတွေကိုသာ တင်ထားတာကို တွေ့ရပါတယ်။

    Tags

    False newsmilitaryCoupdeportစစ်ကောင်စီသတင်းအတုပြည်နှင်ဒဏ်
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နှင်ဒဏ်ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ DVB ကို အတည်ပြုဖြေဆိုသွား
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!