BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီနဲ့ KNU ပူးပေါင်းပြီး...
သတင်းအတု

စစ်ကောင်စီနဲ့ KNU ပူးပေါင်းပြီး လေးကေကော်ကို ဖြိုခွင်းတယ်ဆိုတဲ့ သတင်းအမှား

ခုရက်ပိုင်းအတွင်း လေးကေ့ကော်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ KNU ခေါင်းဆောင်တွေ ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို ဖြိုခွင်းနေတာဆိုတဲ့ သတင်းအမှားတစ်ချို့ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2021 2:49 PM IST
  • စစ်ကောင်စီနဲ့ KNU ပူးပေါင်းပြီး လေးကေကော်ကို ဖြိုခွင်းတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို သတင်းစုံ Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၁၅ ရက်နေ့ ၃ နာရီ ၁ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး KUN ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတပ်တွေ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံ တစ်ပုံကို အသုံးပြုထားပြီး "လေးကေ့ကော်မြို့သစ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အမျှော်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်ပိုင်းက တပ်မတော်နဲ့ညှိနှိုင်းပေါင်းစပ်ပြီးကြိုတင်ဖြိုခွဲခြင်း" လို့ ခေါင်းစဉ်တပ်ကာ ရေးသားထားပါတယ်။

    ၎င်းသတင်းရဲ့ အတွင်းမှာတော့ NUG နဲ့ CRPH ဟာ စစ်ရှောင်တွေကို အကာအကွယ်ယူပြီး CIA နဲ့ OIC ထံက ထောက်ပံ့ကြေးတွေ ယူထားကြောင်း၊ ၎င်းထောက်ပံ့ကြေးတွေနဲ့ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်နေတာ အင်အားကြီးမားလာမှာ စိုးလို့ အမြန်နှိမ်နင်းဖို့ KNU ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီ အရာရှိတွေ မြဝတီမြို့မှာ တွေ့ခဲ့ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ် Page တွေအပါအဝင် Account ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း၊ ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    KNU ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီအရာရှိတွေ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို သုံးပြီး PDF တွေကို ဖြိုခွင်းဖို့ တိုင်ပင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ၂၀၁၂ ခုနှစ်က ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင် ဟိုတယ်မှာ စစ်တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ အရာရှိတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေး စကားဝိုင်းမှာ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။


    ၂၀၁၂ ခုနှစ်က စစ်တပ်နဲ့ KNU တွေ့ဆုံခဲ့တဲ့ သတင်းအကြောင်းကို ဒီမှာ ဖတ်ပါ။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU တို့ဟာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီရက်ပိုင်းအတွင်းလည်း လေးကေ့ကော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ KNU နယ်မြေထဲ စစ်ကောင်စီတပ်တွေ နယ်ကျော် ဝင်ရောက်လာရင် တပ်မဟာ အားလုံးကို ပစ်မိန့်ပေးထားကြောင်း ပြောဆိုထားပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။နယ်ကျော်လာရင် ပစ်မိန့်ပေးထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ် Page တွေ Account တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ ပြုလုပ်ထားတဲ့ သတင်းမီဒီယာ အယောင်ဆောင်ပြီး သတင်းအမှား ဖြန့်နေတဲ့ Page တွေ ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    False newsMilitaryKNUPDFCouprevolutionသတင်းအမှားစစ်ကောင်စီပြည်သူ့ကာကွယ်ရေးတပ်တော်လှန်ရေး
    Read Full Article
    Claim :   လေးကေ့ကော်မြို့သစ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို အမျှော်အမြင်ကြီးတဲ့ KNU ခေါင်းဆောင်ပိုင်းက တပ်မတော်နဲ့ညှိနှိုင်းပေါင်းစပ်ပြီးကြိုတင်ဖြိုခွဲခြင်း
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!