တပ်မ ၅၄ တပ်ရင်း တစ်ခုလုံး KPDF သိမ်းတယ်ဆိုတဲ့ သတင်းအမှား

လွိုင်ကော်မှာ တပ်မ ၅၄ တပ်ရင်း တစ်ခုလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဇွန်လ ၁၂ ရက်နေ့မှာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ဓါတ်ပုံ ၄ ပုံ အသုံးပြုထားပါတယ်။ အဲ့ဒီ ဓါတ်ပုံ ၄ ပုံနဲ့အတူ "သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ။ ယမန်နေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးသိမ်း" လို့ ရေးသားထားပါတယ်။

၎င်း အသုံးပြုထားတဲ့ ဓါတ်ပုံ ၄ ပုံဟာ တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ သေနတ်တွေ၊ စစ်ဝတ်စုံတွေ၊ ထမင်းပန်းကန်၊ ဟန်းကောဂျိုင့်တွေ၊ ရေဘူးတွေ၊ လက်နက်ကြီးတွေ စုပုံ ချထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး လွိုင်ကော်မှာ သိမ်းဆည်းရမိထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ ဖြန့်ဝေထားပါတယ်။

မူရင်းရေးသားဖြန့် ဝေမှုကို ဒီမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

လွိုင်ကော်မှာ တပ်မ ၅၄ တပ်ရင်းတစ်ခုလုံး ပြုတ်အောင် ကယား PDF က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၅ ခုနှစ်က ကိုးကန့်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ခဲ့တဲ့ တိုက်ပွဲမှာ တပ်မ ၃၃ ရှုံးနှိမ့်ပြီး လက်နက်တွေ သိမ်းဆည်းခံရတဲ့ ပုံဟောင်းတွေကို အသုံးပြုထားတာ တွေ့ရပါတယ်။

အဆိုပါ ဖြန့်ဝေထားတဲ့ သတင်းအမှားနဲ့ ပတ်သက်ပြီးတော့လည်း ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Karenni People Defense Force – KPDF က ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ "လွိုင်ကော် တပ်ရင်း ၅၄ တပ်ရင်းလုံးကို PDF တွေသိမ်း ဆိုတဲ့သတင်းအမှား ပုံသည် 2015 ကိုးကန့်တိုက်ပွဲမှာ တပ်မ ၃၃ အလဲထိုး ရှုံးခဲ့တဲ့ပုံဖြစ်ပါသည်။ Fake news သတင်းအမှားများအား ဖြန့်‌ေဝခြင်းဟာ မြေပြင် ပြည်သူအချို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်" လို့ ရေးသားထားပါတယ်။

KPDF Page က တင်ထားတဲ့ အကြောင်းအရာ ကို ဒီမှာ ဖတ်ပါ။




Claim :   လွိုင်ကော်မှာ တပ်မ ၅၄ တပ်ရင်းတစ်ခုလုံး ပြုတ်အောင် ကယား PDF က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.