BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့ K-8 အမျိုးအစား...
      သတင်းအတု

      စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် တစ်စီးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) က ပစ်ချခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  12 Oct 2024 9:06 PM IST
    • စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Share Local Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'K-8 စစ်တိုက်လေယာဉ် KNDF ပစ်ချ။ ဗိုလ်အဆင့် (၃) ဦးပါလာသော K-8 စစ်တိုက်လေယာဉ် KNDF တပ်မပစ်ချ' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြဝတီမြို့ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ တော်လှန်ရေး တပ်ဖွဲ့များ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်သားအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      စစ်ကောင်စီရဲ့ K-8 အမျိုးအစားတိုက်လေယာဉ်တစ်စီး ပျက်ကျတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်က ကယားပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုစဉ်က လေထီးနဲ့ခုန်ချခဲ့တဲ့ ဗိုလ်မှူး ခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA) က ဖမ်းဆီးရမိခဲ့ပါတယ်။

      ဒီသတင်းကို သတင်းဌာနတေွမှာ ဖော်ပြထားတာကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      တိုက်လေယာဉ်ပစ်ချshot down fighter jetFakenewsK-8 fighter jetClickbaitsmilitary coupmilitary council
      Read Full Article
      Claim :   စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ် KNDF ပစ်ချတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!