BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြို့လှ PDF တပ်ရင်းကိုဖြုတ်ပြီး...
သတင်းအတု

မြို့လှ PDF တပ်ရင်းကိုဖြုတ်ပြီး ခေါင်းဆောင်ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

အမိန့် မရဘဲ အခြားPDF များနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုလုပ်တဲ့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော်KIA မှ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြို့လှ PDF) ကို လက်နက်ဖြုတ်သိမ်းပြီး ခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  19 March 2022 8:46 PM IST
  • မြို့လှ PDF တပ်ရင်းကိုဖြုတ်ပြီး ခေါင်းဆောင်ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို "မုံရွာ သတင်းနှင့် သတင်းစုံ" ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေခဲပတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ "ကချင်လွတ်လပ်ရေး တပ်မတော် KIA က ၎င်းရဲ့ လက်အော်ခံမြို့လှ PDF တပ်ရင်းကို အမိန့် မရဘဲ အခြားPDF များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားခြင်း၊ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လက်နက် ဖြုတ်သိမ်းပြီး ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးထားကြောင်း၊ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့တွင် KIA ခေါင်းဆောင်တချို့နဲ့ NUG လက်အောက် မြို့လှ PDF မှ ခေါင်းဆောင်တို့အကြား နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြို့လှ PDF ခေါင်းဆောင် ဖြစ်သူကို KIA က ယာယီဖမ်းဆီးထိန်းသိမ်းထားကြောင်း" တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ ကောလဟလ သတင်းအမှားသာဖြစ်ကြောင်း မြို့လှ PDF ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ မတ်လ ၁၄ ရက်နေ့က ပြန်လည်ဖြေရှင်းထားပါတယ်။

    မြို့လှ PDF ရဲ့ ဖြေရှင်းချက်ထဲမှာ "ကချင်လွတ်မြောက်ရေး တပ်မတော်KIA မှ မြို့လှ PDF တပ်ရင်းခေါင်းဆောင်အားလက်နက် ဖြုတ်သိမ်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဆိုသောသတင်းမှာ ကောလဟလ သတင်းအမှားသာ​ဖြစ်ကြောင်း၊ မြို့လှ PDF တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ ထိမ်းကြောင်းမှုအောက်တွင် အတူတကွလက်တွဲကာ စနစ်တကျ ရပ်တည်နေပြီး မြို့လှတပ်ရင်း စတင်ဖွဲ့စည်းသည့် နေ့မှစတင်ကာ ယနေ့တိုင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲလျှက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး နေရာကဏ္ဍ အသီးသီးမှာ တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြလျှက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် အာဏာရှင်စနစ်အပြီးတိုင် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုပြီးဖြစ်ကြောင်း" တွေ ရေးသားဖော်ပြထားပါတယ်။


    မြို့လှ PDF ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    မြို့လှ PDF တပ်ဖွဲ့အနေနဲ့ ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၄ နာရီကပင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မော်တော် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါသေးတယ်။


    မီဒီယာတွေမှာ ဖော်ပြထားတဲ့ တိုက်ပွဲသတင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    KIA disarmed PDFMyo Hla PDFလက်နက်ဖြုတ်သိမ်းမြို့လှ PDFFakenewsMilitary Coupသတင်းအမှား
    Read Full Article
    Claim :   KIA က မြို့လှ PDF တပ်ရင်းကို လက်နက်ဖြုတ်သိမ်းပြီး ခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်း
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!