BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်ဝင်ရောက်မှုကို ကရင်လူထုနဲ့...
သတင်းအတု

စစ်တပ်ဝင်ရောက်မှုကို ကရင်လူထုနဲ့ KNU က ကြိုဆိုတယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ် လေးကေကော်ဒေသကို စစ်တပ်က ဝင်ရောက်ပြီး အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်မှုတွေကို ကရင်လူထုက ထောက်ခံကြိုဆိုပြီး KNU ဘက်ကလည်း နှောက်ယှက်ဟန့်တားခြင်း မရှိကြောင်း လုပ်ကြံဖြန့်ထေားတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  24 Dec 2021 9:03 AM IST
  • စစ်တပ်ဝင်ရောက်မှုကို ကရင်လူထုနဲ့ KNU က ကြိုဆိုတယ်ဆိုတဲ့ သတင်းအမှား

    အချိန် ၃ မိနစ်ကျော်ကြာတဲ့ ဒီရုပ်သံဖိုင်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေလာတာဖြစ်ပြီး ပြည်သူ့ပန်ဒါ (သဇင်ဦး) ဆိုသူမှ "EAO တွေ အုပ်စိုးတဲ့ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်လို ဒေသတွေမှာ နယ်မြေအေးချမ်းမှုတွေ ရှိနေတာကို တွေ့ရကြောင်း၊ EAO တွေ မရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်တွေမှာတော့ အကြမ်းဖက် PDF တွေက လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်တာကို တွေ့ရကြောင်း၊ KNU တပ်မဟာ ၆ ကြီးစိုးတဲ့ ကရင်ပြည်နယ် လေးကေကော်ဒေသကို တပ်မတော်က စစ်ကြောင်း ၄ ကြောင်းနဲ့ ဝင်လာပြီး အကြမ်းဖက်နှိမ်နင်းရေးတွေ ဆောင်ရွက်တဲ့အခါမှာ ကရင်ပြည်နယ် ပြည်သူလူထုက ထောက်ခံအားပေးသလို KNU တပ်တွေကလည်း စစ်တပ်ကို နှောက်ယှက်ဟန့်တားခြင်း မရှိခဲ့ကြောင်း၊ ဒါကြောင့် PDF တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေကပါ မလိုလားဘူးလို့ ကောက်ချက်ချနိုင်ကြောင်း၊ စစ်တပ်က ဆောင်ရွက်တဲ့ အကြမ်းဖက်နှိမ်နင်းတဲ့ ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကပါ ပူးပေါင်းပါဝင်လာကြောင်း၊ PDF တွေရဲ့ နယ်မြေကျဉ်းမြောင်းလာပြီး မကြာခင် တည်ငြိမ်အေးချမ်းတော့မှာ ဖြစ်ကြောင်း" ပြောဆိုမှုတွေပါဝင်ခဲ့ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လတ်တလော မီဒီယာတွေနဲ့ လူအများ အာရုံစိုက်ခံရမှု အများဆုံးဖြစ်နေတဲ့ ကရင်ပြည်နယ် လေးကေကော်ဒေသ ဖြစ်စဉ်ကို သတင်းရုပ်သံဖိုင်ထဲက ပြောဆိုချက်တွေဟာ အချက်အလက် အမှားတွေပါဝင်နေပါတယ်။လေးကေကော်ဒေသ သတင်းတွေကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ နေ့စဉ်အသားပေး ဖော်ပြနေတာကို ကြည့်ရုံနဲ့ ဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာဟာ အချက်အလက်အမှားတွေ ဖြစ်ကြောင်းသိနိုင်ပါတယ်။

    ဥပမာအနေနဲ့ DVB သတင်းဌာနမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ လေးကေ့ကော် တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ရဲ့ သေဆုံး၊ အဖမ်းခံရစာရင်း ထုတ်ပြန်မှုကို ကြည့်ရင် KNU တပ်မဟာ ၆ အနေနဲ့ စစ်တပ်ဝင်ရောက်လာမှုကို ဟန့်တားမတာဆိုတဲ့အခြေအနေကိုမြင်တွေ့နိုင်ပါတယ်။


    ကရင်ပြည်နယ် လေးကေ့ကော်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး ၈ ဦးဖမ်းမိထားတယ်လို့ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့ပါ။

    DVB သတင်းဌာနနည်းတူ အခြားသတင်းဌာနတွေမှာလည်း လေးကေကော်ဒေသ တိုက်ပွဲသတင်းအခြေအနေတွေကို နေ့စဉ်ဖော်ပြ ပေးနေပါတယ်။

    Tags

    Karen peopleKNU welcome MilitaryKNULay Kay Kaw areaKaren StateKNU တပ်မဟာ ၆Military Coupကရင်ပြည်နယ်လေးကေကော်ဒေသ
    Read Full Article
    Claim :   ကရင်ပြည်နယ် လေးကေကော်ဒေသကို စစ်တပ်က ဝင်ရောက်ပြီး အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်မှုတွေကို ကရင်လူထုက ထောက်ခံကြိုဆိုပြီး KNU ဘက်ကလည်း နှောက်ယှက်ဟန့်တားခြင်း မရှိကြောင်း လုပ်ကြံပြောဆိုထားမှုအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!