မင်းအောင်လှိုင်ကိုဖမ်းဖို့ ICJ က အမိန့်ချတယ်ဆိုတဲ့ သတင်းအမှား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ တရားရုံး ICJ က ဖမ်းမိန့်ချတယ်ဆိုတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်ပေါ်ဖြန့်ဝေမှုတွေရှိနေပါတယ်။

ဒီသတင်းကို စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းမှာ မြန်သတင်း Fast news ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပြီး အခြားဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ဆက်လက်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

သတင်တုဖန်တီးရာမှာ "အခု ၉ နာရီခွဲတိတိ။ မင်းအောင်လှိုင်ကို ICJ မှ ဖမ်းမိန့်ချပြီ" ဆိုတဲ့ စာသားကို ဓါတ်ပုံအဖြစ်ပြုလုပ်ကာ "မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်ပြီ။ အမေစုရုံးချိန်အောက်တိုဘာ(၁)ရက်နေ့ရွှေ့ဆိုင်း။ အခုပဲ ဘီဘီစီ ထုတ်ပြန်လိုက်ပြီ" လို့ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာ ၁၀ မိနစ်ခွဲခန့်ကြာ ဗွီဒီယိုဖိုင်တစ်ခုပါဝင်ပြီး အချို့ဖြန့်ဝေမှုတွေမှာ ၉ မိနစ်နီးပါးကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခု ပါဝင်နေတာ တွေ့ရပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

သတင်းဆန်းစစ်ဖို့ ဗွီဒီယိုဖိုင်တွေကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ဖြန့်ဝေမှုမှာ ရေးသားထားတဲ့ "အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံတကာ တရားရုံး ICJ က ဖမ်းမိန့်ချပြီ" ဆိုတဲ့ သတင်းပါဝင်ခြင်းမရှိပဲ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်တွေသာ ဖြစ်ပါတယ်။

ဒါဟာ အခုရက်ပိုင်းအတွင်း သတင်းတု သတင်းမှား ဖြန့်ဝေသူအများစု ပြုလုပ်လာတဲ့ ပုံစံဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းတု ဖြန့်ဝေသူအများစုဟာ သတင်းတစ်ပုဒ်လုံးကို လိမ်လည်ရေးသားမနေတော့ပဲ လူစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ရေးသားကာ အတွင်းမှာတော့ သူတို့ ဖော်ပြချင်တဲ့ အကြောင်းအရာကို ထည့်သွင်းဖော်ပြနေတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းဖြစ်စဉ်နောက်ဆက်တွဲအဖြစ် ဆန္ဒပြသူတွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေကို သတ်ဖြတ်တဲ့ အခြေအနေတွေနဲ့ပတ်သက်ရင် လက်ရှိအချိန်အထိအချက်အလက်နဲ့ အထောက်အထားတွေစုစောင်းနေတဲ့အဆင့်သာဖြစ်ပြီး မင်းအောင်လှိုင်အပေါ်အရေးယူဖို့နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး မင်းအောင်လှိုင်ကို တိုက်ရိုက် စွပ်စွဲထားတဲ့ အမှုမျိုးကို ICJ ထံ တင်ထားခြင်း ယခုအချိန်ထိမရှိသေးတာကြောင့် ဒီလို အမိန့်ချတယ်ဆိုတဲ့အကြောင်းအရာဟာ လိမ်လည်ဖန်တီးထားတာသာဖြစ်ပါတယ်။

Claim :   အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာ တရားရုံး ICJ က ဖမ်းမိန့်ချပြီဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.