BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝါတွင်းမင်္ဂလာဆောင်...
သတင်းအတု

ဝါတွင်းမင်္ဂလာဆောင် ရှောင်ကျဉ်ခြင်းက သျှီဝနတ်ဘုရားနဲ့ဆက်နယ်တယ်ဆိုတဲ့အချက်အလက်အမှား

"ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း" ဆိုပြီး အွန်လိုင်းပေါ်က ရေးသားဖြန့်ဝေမှုတွေထဲမှာ ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တဲ့ သျှီဝနတ်ဘုရားကို နတ်ဆိုးမိစ္ဆာဖြစ်ကြောင်း ရေးသားမှုဟာ နားလည်မှုလွဲမှားကာ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2020 8:46 PM IST
  • ဝါတွင်းမင်္ဂလာဆောင် ရှောင်ကျဉ်ခြင်းက သျှီဝနတ်ဘုရားနဲ့ဆက်နယ်တယ်ဆိုတဲ့အချက်အလက်အမှား

    ရေးသားဖြန့်ဝေတဲ့ အကြောင်းအရာက မြန်မာ့ထုံးတမ်းစဉ်လာဓလေ့ တစ်ခုဖြစ်တဲ့ ဝါတွင်းကာလမှာ မင်္ဂလာမဆောင်ရခြင်း ဆိုတဲ့ အကြောင်းကို အဓိကရေးသားဖော်ပြတာဖြစ်ပေမဲ့ ဒီလို မင်္ဂလာမဆောင်ရတာမှာ သျှီဝနတ်ဘုရားကြောင့် ဖြစ်တယ်ဆိုပြီး ရေးသားထားတာပါ။

    ရေးသားမှုတွေထဲမှာ "မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာမဆောင်ကောင်းတာလဲဆိုတာကို ယနေ့မနက် ကိုးနာရီမှ ဆယ်နာရီအတန်းချိန်တွင် ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာနမှ ဆရာဦးခင်မောင်ညိုက ၎င်းပို့ချချက်တွင် ဤအကြောင်းကို အကျယ်တဝင့် ပို့ချရှင်းပြခဲ့ကြောင်း၊

    ဝါတွင်းကာလ၌ မင်္ဂလာမဆောင်ခြင်းဟူသော အယူအဆသည် ဗုဒ္ဓစာပေကျမ်းဂန်တို့၌ ဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့ခြင်း မရှိကြောင်း၊ ဤအယူအဆသည် ဗြာဟ္မဏဝါဒ(ဟိန္ဒူဝါဒ)မှ ဆင်းသက်လာသော အယူအဆ တစ်ရပ်ဖြစ်ကြောင်း၊ ဗြာဟ္မဏဝါဒ၌ ဝေဒပညာရှင်တို့၏ လက်သုံးကျမ်းဖြစ်သော ရာဇမတ္တဏ်ကျမ်းနှင့် "သုံးပါးဘုရားတစ်ဆူ"ဟူသော အဆိုရှိကြောင်း၊ ထိုသုံးပါးမှာ ဗြဟ္မာ၊ ဗိဿ နိုး၊ သျှီဝတို့ဖြစ်ကြပြီး ကိုယ်ပိုင်တာဝန်များ အသီးသီးရှိကြကြောင်း၊ ဗြဟ္မာ၏တာဝန်မှာ ကမ္ဘာလောကကို ဖန်ဆင်းရခြင်းဖြစ်ပြီး ဗိဿနိုး၏တာဝန်မှာ ထိုဗြဟ္မာဖန်ဆင်းပြီးသော ကမ္ဘာလောကကြီးကို ကောင်းအောင် ပြုပြင်ထိန်းသိမ်းရမည့် တာဝန်ဖြစ်ကာ သျှီဝ၏ တာဝန်မှာ ထိုကမ္ဘာလောကရှိ လူသားများအား မကောင်းကျိုးများ ဖြစ်အောင် ပြုလုပ်ရမည့် တာဝန်ဖြစ်ကြောင်း" စသည်ဖြင့် ရေးသားထားတာ တွေ့ရပါတယ်။

    ဖြန့်ဝေရေးသားမှုတွေထဲမှာ ရဟန်းသံဃာတော်တွေကိုယ်တိုင် ပါဝင်နေတာတွေ့ရပြီး ဖေစ့်ဘွတ်သုံးစွဲသူ အချို့ကလည်း ဟိန္ဒူဘာသာဝင်များဘက်မှ ပြန်လည်ထောက်ပြ ပြောဆိုနေတာတွေ ရှိပါတယ်။


    မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်မှု

    BOOM အနေနဲ့ ဒီသတင်းကို ဆန်းစစ်ရာမှာ မြန်မာ့ထုံးတမ်းဓလေ့တစ်ခုဖြစ်တဲ့ ဝါတွင်းကာလမှာ မင်္ဂလာဆောင်လေ့ ရှိခြင်း၊ မရှိခြင်းကို သုံးသပ်တင်ပြသွားမှာ မဟုတ်ပဲ ဟိန္ဒူနတ်ဘုရား သျှီဝ ကို နတ်ဆိုးမိစ္ဆာဖြစ်တယ်လို့ ရေးသားချက်ကိုသာ ဆန်းစစ်သွားမှာဖြစ်ပါတယ်။

    ပထမဆုံးပြောလိုသည်က မည်သည့် ဟိန္ဒူဘာသာဝင်များမှ နတ်ဆိုးမိစ္ဆာကို ကိုးကွယ်မှာ မဟုတ်သလို မိစ္ဆာကိုးကွယ်တဲ့ ဘာသာရေးအခန်းအနားတွေ တရားဝင်ကျင်းပခွင့်ကိုလည်း မည်သည့် ဗုဒ္ဓဘာသာနိုင်ငံကမှ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး သတိချပ်ရမှာပါ။

    ရေးသားဖြန့်ဝေမှုမှာပါတဲ့ "သုံးပါးဘုရားတစ်ဆူ" ဆိုတဲ့အချက်ထဲက ဗြဟ္မာ၊ ဗိဿ နိုး၊ သျှီဝ တို့ရဲ့ကိုယ်ပိုင်တာဝန်များကို ဖော်ပြရာမှာ ဗြဟ္မာနဲ့ ဗိဿနိုး တို့ရဲ့ တာဝန်နဲ့ ပါတ်သတ်တဲ့ အချက်များ မမှားသော်လည်း သျှီဝ ရဲ့တာဝန်မှာ ကမ္ဘာလောကရှိ လူသားတွေကို မကောင်းကျိုးများဖြစ်အောင် ပြုလုပ်ရမယ့် တာဝန်ဖြစ်တယ်လို့ ရေးသားထားချက်မှာ မှားယွင်းနေမှုသာ ဖြစ်ကြောင်း သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သာသနာပြု/ အကျိုးတော်ဆောင် ဒေါက်တာလှထွန်းက BOOM သို့ပြောကြားခဲ့ပါတယ်။

    "ဟိန္ဒူဘာသာမှာ "ထာဝရဘုရားသုံးဆူ" ဆိုတာရှိတယ်။ ဗြဟ္မာရဲ့တာဝန်က ကမ္ဘာလောကကို ဖန်ဆင်းရတာဖြစ်ပြီး ဗိဿနိုးကတော့ ကမ္ဘာလောကကြီးကို ကောင်းအောင် ပြုပြင်ထိန်းသိမ်းရတာဖြစ်တယ်။ သျှီဝ က အဲ့ဘုရားနှစ်ပါးလုံးရဲ့ အကြီးအကဲဖြစ်တယ်။ သျှီဝ ဆိုတာ 'မင်္ဂလာအပေါင်းပြည့်စုံတော်မူသော ဘုရားရှင်' လို့ အဓိပ္ပါယ်ရတယ်။ ကမ္ဘာလောကမှာ မလိုအပ်တော့တဲ့၊ လောကကို ကောင်းကျိုးမပေးတော့တဲ့ အရာတွေကို ရုတ်သိမ်းပြစ်ရတယ်။ သျှီဝ က အဲ့လို မလိုတာတွေ ရုတ်သိမ်းတဲ့ အလုပ်ကိုလုပ်တယ်။ အဲ့လို လောကကို ကောင်းကျိုးမပေးတော့တဲ့ အရာတွေကို ရုတ်သိမ်းတာကို တချို့က တလွဲထင်ပြီး လျှောက်ပြောကြတာပါ။" လို့ ဒေါက်တာလှထွန်း က ပြောပါတယ်။

    အကြောင်းအရာတစ်ခုကို တိတိကျကျ နားမလည်ပဲ ရေးသားဖြန့်ဝေနေကြတာနဲ့ ပါတ်သတ်လို့ ဒေါက်တာလှထွန်းက "ဒီလို ထိခိုက်လွယ်တဲ့ ဘာသာရေးအကြောင်းအရာတွေကို တကယ်နားလည်မှ ပြောဆိုရေးသားတာ ကောင်းတယ်။ ဒီခေတ်မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာက ကိုယ့်လက်ဖဝါးထဲမှာ ရှိနေတယ်။ ကိုယ့်ဖုန်းနဲ့ google ခေါက်ကြည့်ရင်တောင် ရတယ်။ ဒီထက်ပိုသိချင်ရင် ဘာသာရေးအကြောင်း သိနားလည်တဲ့ သူတွေဆီ ကိုယ်တိုင်သွားမေးတာ ကောင်းပါတယ်။" လို့ ပြောပါတယ်။

    ဒါဆို ခုဆက်လက် တင်ပြမှာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်းပွဲကျေးရွာ အနီးမှာရှိတဲ့ ဟိန္ဒူ ဘာသာဝင်တွေ အထွဋ် အမြတ်ထားရာ သျှီဝ ရှန်ခိုက်ဘုရားပွဲတော်ကို နှစ်စဉ် မတ်လ ၂ ရက်က မတ် ၄ ရက် အထိ ကျင်းပခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်တယ် ဆိုတာပါပဲ။ သျှီဝ ရှန်ခိုက် နတ်ဘုရားကို ခရစ်နှစ် ၁၉၀၃ ခုနှစ် ဗြိတိသျှ အစိုးရ လက်ထက် မန္တလေး-လာရှိုး မီးရထားလမ်း ဖောက်လုပ်ရာက စတင် တွေ့ရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်မှာ ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဖော်ပြထားပါသေးတယ်။


    မူရင်းရေးသားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နတ်ဆိုးမိစ္ဆာ လို့ယူဆရင် ဒီလိုနှစ်ပေါင်းတစ်ရာကျော် နှစ်စဉ်ပွဲလုပ်နေတာကို အစိုးရ တရပ်ရပ်ကတော့ တားမြစ်ပိတ်ပင်ကြမှာဖြစ်ပါတယ်။

    နောက်ထပ် သျှီဝနတ်ဘုရားကိုးကွယ်မှုနဲ့ ပါတ်သတ်ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က Mizzima မီဒီယာမှာ ဖော်ပြခဲ့တာကို လည်းတင်ပြချင်ပါသေးတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    ဒီပုံမှာရေးထားတဲ့ အတိုင်းဆို ဟိန္ဒူ ဘာသာဝင်တွေ အနေနဲ့ သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်များအတိုင်း ကောင်းမှုကုသိုလ် လုပ်နေတာပဲဖြစ်ပါတယ်။ နတ်ဆိုးမိစ္ဆာ ကိုးကွယ်သူတွေအနေနဲ့ ဒီလို ကောင်းမှုကုသိုလ်တွေ လုပ်နေမှာ မဟုတ်ပါဘူး။ မူရင်း သတင်းကို ဒီနေရာ မှာ ကြည့်ပါ။

    နောက်တစ်ချက်အနေနဲ့ သျှီဝနတ်ဘုရားကို နတ်ဆိုးမိစ္ဆာဖြစ်ကြောင်း ရေးသားထားတဲ့ ပိုစ့်တွေက ခုမှပြန့်နှံ့ခဲ့တာ မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ လောက်ကတည်းက အွန်လိုင်းပေါ်ပြန့်နှံ့ခဲ့တာဖြစ်တဲ့အတွက် ရေးသားမှုတွေထဲမှာ ပါသလို "ယနေ့မနက် ကိုးနာရီမှ ဆယ်နာရီအတန်းချိန်တွင် ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာနမှ ဆရာဦးခင်မောင်ညိုက ၎င်းပို့ချချက်တွင် ဤအကြောင်းကို အကျယ်တဝင့် ပို့ချရှင်းပြခဲ့သည်။" ဆိုတာလည်း မှားနိုင်ပါသေးတယ်။ ဒီအချက်မှာ ဦးခင်မောင်ညိုက ဒီလိုပြောကောင်းပြောနိုင်ပေမယ့် ဒါတွေက သူ့အယူအဆသာဖြစ်ပြီး မှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး။


    အနီရောင် ခြယ်ထားတဲ့ နေရာက ရက်စွဲကို ကြည့်ရင် ဒါဟာ ပြီးခဲ့တဲ့ နှစ်ထဲက ဖြန့်ဝေထားတဲ့ သတင်းအကြောင်းအရာသာ ဖြစ်ပါတယ်။ မူရင်းကို ဒီနေရာ မှာ ကြည့်ပါ။

    Tags

    Shaivism sectShivaHindu godသျှီဝနတ်ဘုရားကိုးကွယ်မှုဝါတွင်းကာလမင်္ဂလာဆောင်ဗုဒ္ဓဒေသနာပြန့်ပွားရေးဟိန္ဒူဝါဒဗြဟ္မာဗိဿ နိုးသျှီဝ
    Read Full Article
    Claim :   \"ဝါတွင်း၌ မင်္ဂလာမဆောင်ရခြင်းအကြောင်း\" ဆိုပြီး အွန်လိုင်းပေါ်က ရေးသားဖြန့်ဝေမှုတွေထဲမှာ ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တဲ့ သျှီဝနတ်ဘုရားကို နတ်ဆိုးမိစ္ဆာဖြစ်ကြောင်း ရေးသားမှုဟာ နားလည်မှုလွဲမှားကာ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!