BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဇန်နဝါရီလဆန်းကစပြီး...
      သတင်းအတု

      ဇန်နဝါရီလဆန်းကစပြီး အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲမယ်ဆိုတဲ့ သတင်းအမှား

      ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲမှာဖြစ်တဲ့အပြင် quarantine ဝင်စရာမလိုတော့ဘူးဆိုပြီး ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  9 Jan 2021 5:18 PM IST
    • ဇန်နဝါရီလဆန်းကစပြီး အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲမယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့ဝန်းကျင်မှစပြီး ဖြန့်ဝေနေတာဖြစ်ပြီး ရေးသားထားရာမှာတော့ အားလုံးတူညီစွာရေးသားထားတာက "10.1.2021 ရက်နေ့ကစပြီး အဝေးပြေးယာဉ်လိုင်းများပြန်ဖွင့်မည်။"Q" ဝင်စရာမလိုတော့" လို့ပဲဖြစ်ပါတယ်။

      ဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က အဝေးပြေးယာဉ်လိုင်းများပြေးဆွဲမှုနဲ့ ပါတ်သတ်ပြီး မြန်မာ့ပလက်ဖောင်းသတင်းဌာနကို ဖြေကြားထားတာက ကိုဗစ်ဗဟိုကော်မတီထံမှ တိကျသော ညွှန်ကြားချက်များရရှိမှသာ ပြန်လည်ပြေးဆွဲသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို မြန်မာ့ပလက်ဖောင်းသတင်းဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။


      သတင်းထဲမှာ ဒေါက်တာမောင်အောင်က "အပြင်မှာတော့ ဇန်နဝါရီလအတွင်း အဝေးပြေးယာဉ်လိုင်းတွေပြေးဆွဲမယ်လို့ ပြောနေကြတာပေါ့၊ တကယ်တမ်းတော့ ပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တာဆိုတော့ ကိုဗစ်ကော်မတီက ညွှန်ကြားစာတွေမထွက်သေးသမျှ ဘာမှပြောလို့မရသေးဘူး၊ ပြည်တွင်းလေကြောင်းတွေ ပြေးဆွဲခွင့်ပြုလိုက်သလို ထုတ်ပြန်ချက်ထုတ်ပေးမှ ပြေးဆွဲခွင့်ရမှာပါ၊ အဲ့ဒါကိုစောင့်နေကြတာပေါ့၊ ပြည်တွင်းလေကြောင်းတွေ ပြေးဆွဲခွင့်ပြုလိုက်သလိုပဲ ကိုဗစ်ရှိ၊ မရှိစစ်ပြီး သွားခွင့်ပြုမယ်ဆိုတာမျိုးတော့ မျှော်လင့်နေကြတာပေါ့၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကျတော့ အရမ်းအရေးကြီးသလို Risk ကများတယ်၊ အထူးသဖြင့် အဝေးပြေးယာဉ်လိုင်းတွေက ပြင်ဆင်ထားတာရှိပါတယ်၊ Social Distancing အရရော အစိုးရက ပြန်ခွင့်ပြုတာနဲ့ ပြေးဆွဲလို့ရအောင် ပြင်ဆင်ထားတာပေါ့"လို့ ပြောထားပါတယ်။

      သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် အဝေးပြေးကားလက်မှတ်များကို online မှ ရောင်းချပေးနေတဲ့ နာမည်ကြီး application တစ်ခုဖြစ်တဲ့ MMBusTicket.com ရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာကလည်း ပိုစ့်အောက်မှာ မေးထားတဲ့ လူစီးယာဉ်တွေ ဘယ်တော့ထွက်မလဲဆိုတဲ့ မှတ်ချက်ကို ခုချိန်ထိပိတ်ထားဆဲဖြစ်ကြောင်းနဲ့ အချိန်သိရှိရပါက page မှာ ကြေငြာသွားမှာဖြစ်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့က ပြန်ဖြေကြားထားပါတယ်။



      Tags

      Highways BusTraveltransportationအဝေးပြေးယာဉ်လိုင်းQuarantine
      Read Full Article
      Claim :   ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲမှာဖြစ်တဲ့အပြင် ကျန်းမာရေးအရ quarantine ဝင်စရာမလိုတော့ဘူးဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!