BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ABIA စစ်ဦးစီးချုပ် အောင်အောင်ကျော်...
သတင်းအတု

ABIA စစ်ဦးစီးချုပ် အောင်အောင်ကျော် တကယ်ဖမ်းခံရတာလား

ဗမာ့တိုင်းများ လွတ်မြောက်ရေးတပ်မတော် (ABIA) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ကိုအောင်အောင်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ ကဖမ်းဆီးလိုက်တယ်ဆိုပြီး မဲခေါင်သတင်းဌာနက ရေးသားဖော်ပြခဲ့တဲ့ သတင်းမှာ သတင်းမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2021 8:50 PM IST
  • ABIA စစ်ဦးစီးချုပ် အောင်အောင်ကျော် တကယ်ဖမ်းခံရတာလား

    ဒီသတင်းကို MeKongNews - မဲခေါင်သတင်းဌာနက အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်မှ ပြောပြလာခြင်းဖြစ်တဲ့အတွက် သတင်းအချက်အလက် ထပ်မံစစ်ဆေးခြင်းကို မပြုလုပ်မှီ Breaking News အဖြစ် ဖော်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

    ABIA စစ်ဦးစီးချုပ် အောင်အောင်ကျော် ဖမ်းဆီူခံရတဲ့သတင်းမထွက်ခင်မှာ ၎င်းဟာ ထောက်ပံ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးစွဲတယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။။

    အမည်ခံနိုင်ပြီး တိကျခိုင်မာတဲ့ သတင်းအရင်းအမြစ်တွေနဲ့ ကာယကံရှင်ကို သတင်းအချက်အလက် အတည်ပြုချက်မရယူမီ ရေးသားထားတဲ့ သတင်းထဲမှာ "စစ်အာဏာရှင်ဆန့်ကျင်ရေး အလှူငွေများကို ကိုယ်ကျိုးသုံးစွဲ နာမည်ကြီးနေသည့် ABIA စစ်ဦးစီးချုပ် အောင်အောင်ကျော်ဆိုသူကို တိုင်းရင်းသားတော်လှန်ရေးတစ်ဖွဲ့က ဖမ်းဆီးလိုက်တယ်" ဆိုတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဒီသတင်းရဲ့ နောက်ဆက်တွဲအနေနဲ့ လူမှုမီဒီယာပေါ်မှာ ABIA စစ်ဦးစီးချုပ်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးထင်ကြေးပေး ရေးသား ဖြန့်ဝေမှုတွေ အများအပြားထွက်ပေါ်လာပါတယ်။

    ဒီသတင်းတွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ABIA စစ်ဦးစီးချုပ် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းနဲ့ ပါတ်သတ်ပြီး Mizzima သတင်းဌာနက ကိုအောင်အောင်ကျော်ကို ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို အောက်တိုဘာလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီ ၄၀ မိနစ်ခန့်မှာ ဖော်ပြခဲ့ပါတယ်။

    ရုပ်သံဖိုင်ထဲမှာ Mizzima သတင်းဌာနက မေးမြန်းတဲ့ ဖမ်းဆီးခံရတာမျိုး (သို့) အကျယ်ချုပ်ခံခဲ့ရတာမျိုး ရှိလားဆိုတဲ့ မေးခွန်းကို ကိုအောင်အောင်ကျော်ကို က ဖမ်းဆီးခံရတာမျိုး အကျယ်ချုပ်ခံရတာမျိုး မရှိကြောင်း၊ မဟာမိတ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေသာ ရှိကြောင်း၊ မေးမြန်းစစ်ဆေးခြင်းပင် မရှိကြောင်းနဲ့ တိုင်းရင်းသားနယ်မြေတွေထဲမှာ ရပ်တည်တာဟာ မူဝါဒ သဘောတရားတွေ ရှိတယ်" လို့ ပြန်လည်ဖြေကြားထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    EAO arrestedCommander-in-Chief of ABIAဗမာ့တိုင်းများ လွတ်မြောက်ရေးတပ်မတော် (ABIA)အောင်အောင်ကျော်Aung Aung KyawMeKongNewsမဲခေါင်သတင်းဌာနစစ်ဦးစီးချုပ် ဖမ်းဆီးခံရMilitary Coupmilitary council
    Read Full Article
    Claim :   ဗမာ့တိုင်းများ လွတ်မြောက်ရေးတပ်မတော် (ABIA) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ကိုအောင်အောင်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ ကဖမ်းဆီးလိုက်တယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!