BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗဟိုဘဏ် မီးရှို့ခံရတယ်ဆိုတဲ့...
သတင်းအတု

ဗဟိုဘဏ် မီးရှို့ခံရတယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံတော် ဗဟိုဘဏ် မီးရှို့ခံရပြီး စစ်တပ်က အရာရှိကြီးတစ်ဦး အသတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Jan 2026 9:42 PM IST
  • ဗဟိုဘဏ် မီးရှို့ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Daily Lens ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တိုင်းပြည်ပျက်ကိန်းဆိုက်ပြီ ချက်ချင်းကြည့်။ အားလုံးပြီးပြီ။ ညက ဗဟိုဘဏ် မီးရှို့ခံလိုက်ရပြီးတော့ စစ်တပ်ရဲ့ အရေးကြီးဆုံး ဗိုလ်ချုပ် အသတ်ခံရ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗဟိုဘဏ် မီးရှို့ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ လူအများစိတ်ဝင်စားမယ်ထင်ရတဲ့ အကြောင်းအရာတွေကို အချက်အလက်မရှိ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဗဟိုဘဏ် မီးရှို့ခံရတယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကော်မရှင်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဗဟိုဘဏ်Central bank of Myanmarset on fireမီးရှို့ခံရသတင်းမှားFakenews
    Read Full Article
    Claim :   ဗဟိုဘဏ် မီးရှို့ခံရတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!