BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗဟိုဘဏ်လစ်ပြီ ဆိုတဲ့ သတင်းအမှား
သတင်းအတု

ဗဟိုဘဏ်လစ်ပြီ ဆိုတဲ့ သတင်းအမှား

မြန်မာကျပ်ငွေအပါအဝင် ပြည်တွင်းဘဏ်တွေနဲ့ ပါတ်သတ်ပြီး ကောလဟလတွေ အဆက်မပြတ်ထွက်ပေါ်ဆဲမှာပဲ လူမှုကွန်ရက်ပေါ်မှာဗဟိုဘဏ်ပြိုလဲပြီလို့ အဓိပ္ပါယ်ရတဲ့ ရေးသားဖြန့်ဝေမှုတွေထွက်ပေါ်လာနေပါတယ်။

By - Boom Live Myanmar |
Published -  3 Sept 2021 3:25 PM IST
  • ဗဟိုဘဏ်လစ်ပြီ ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို Oneday.press ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ သြဂုတ်လ ၂၇ ရက်က ၈ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲလျက် ရေးသားဖော်ပြခဲ့တာဖြစ်ပြီး သတင်းထူးဂျာနယ် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ယင်းနေ့မှာပဲ ပြန်လည်ဖြန့်ဝေခဲ့တာပါ။

    ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်တစ်ခုနဲ့ အတူ "အားလုံးမထင်မှတ်ထားတဲ့သတင်း ဗဟိုဘဏ်လစ်သွားပြီ" ဆိုတဲ့ အများပြည်သူ အထိတ်တလန့် ဖြစ်စေမယ့် ခေါင်းစဉ်တပ်ကာ ပြန်လည်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပြန်လည်ဖြန့်ဝေသူ အများအပြားရှိနေပြီး ဆက်လက်ဖြန့်ဝေနေတာလည်း ရှိပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ၈မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်ထဲက အကြောင်းအရာရဲ့ ပထမ သုံးမိနစ်ခွဲအထိမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဈေးပြိုင်လေလံနဲ့ ထုတ်ရောင်းချနေတဲ့ အခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကြေငြာနေတဲ့ အသံဖိုင်ဖြစ်ပါတယ်။

    ခေါင်းစဉ်မှာရေးသားထားသလို့ "အားလုံးမထင်မှတ်ထားတဲ့သတင်း ဗဟိုဘဏ်လစ်သွားပြီ" ဆိုတဲ့ အဓိပ္ပါယ်ကောက်ယူလို့ ရတဲ့ သို့မဟုတ် အဓိပ္ပါယ်ဆင်တူတဲ့ အချက်အလက် တစ်စုံတရာ မပါတာကို တွေ့ရပါတယ်။

    ပထမ သုံးမိနစ်ခွဲနောက်ပိုင်း သတင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စစ်ကောင်စီအကြီးအကဲ တရားစွဲခံရတယ်ဆိုတဲ့ သတင်းအကြောင်း ပြောထားတာပါ။ ဒါကြောင့် ဒီသတင်းဟာ ခေါင်းစဉ်တလွဲတပ်ကာ လူအများအထင်အမြင်လွဲစေရန် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဘဏ်တွေနဲ့ ပါတ်သတ်တဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကလည်း ငွေစက္ကူနဲ့ ဘဏ်တွေ ဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟလအတွက် ဗဟိုဘဏ်က ထုတ်ပြန်ချက်ထုတ်ပြီး ဖြေရှင်းခဲ့ရပါသေးတယ်။



    Tags

    The Central BankdollarsKyatsBankမြန်မာနိုင်ငံတော် ဗဟိုဘဏ်အမေရိကန်ဒေါ်လာဈေးပြိုင်လေလံMilitary CoupCurrency Price
    Read Full Article
    Claim :   လူမှုမီဒီယာတွေပေါ်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် “အားလုံးမထင်မှတ်ထားတဲ့သတင်း ဗဟိုဘဏ်လစ်သွားပြီ” ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!