BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တပ်ချုပ်သက်တမ်းတိုးခွင့်...
      သတင်းအတု

      တပ်ချုပ်သက်တမ်းတိုးခွင့် မရတော့ဘူးဆိုတဲ့ သတင်းအမှား

      အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး သက်တမ်း တိုးလို့ ရတော့မည် မဟုတ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Jan 2025 10:25 AM IST
    • တပ်ချုပ်သက်တမ်းတိုးခွင့် မရတော့ဘူးဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သူပုန်အစစ်ဖြစ်လာတော့မည်။ တရားသူကြီးချုပ် အမိန့်ချ။ မင်းအောင်လှိုင် သက်တမ်းတိုးလို့ မရတော့ဘူး။ တရားသူကြီးချုပ် အမိန့်ချပြီ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တပ်ချုပ်သက်တမ်းတိုးခွင့် မရတော့ဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ The Irrawaddy - Burmese Edition မှာ ဇန်နဝါရီ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ '၂၀၂၄ ထဲက အရှုံးသမား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာထဲမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ နိုင်ငံရေးရော စစ်ရေးပါ ထွက်ပေါက်မဲ့ပြီး အကျပ်အတည်းဆိုက်ခဲ့ရတဲ့ အကြောင်းအရာတွေကို ရုပ်သံတင်ဆက်ထားတာပါ။

      ဒီသတင်းထဲမှာ တပ်ချုပ်သက်တမ်းတိုးခွင့် မရတော့ဘူးဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      The Irrawaddy - Burmese Edition မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      အစိုးရသက်တမ်းကုန်တပ်ချုပ်ရာထူးလွှဲပြောင်းသတင်းအတုFakenewsစစ်ကောင်စီ
      Read Full Article
      Claim :   တပ်ချုပ်သက်တမ်းတိုးခွင့် မရတော့ဘူးလို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!