BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA...
      သတင်းအတု

      ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA တပ်တော်က သေဒဏ်ချမှတ်တယ်ဆိုတဲ့ သတင်းအမှား

      အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားတဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းကို သေဒဏ်ချမှတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  14 Dec 2024 12:14 PM IST
    • ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA တပ်တော်က သေဒဏ်ချမှတ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သွေးကြွေးပြန်ယူဖို့လုပ်နေပြီ။ နန်းတွင်းစစ်ကြောရေးမှာ ဦးဆောင်သူ ဗိုလ်ချုပ်သူရိန်ထွန်းကို AA တပ်တော်မှ သေဒဏ်ချမှတ်' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA တပ်တော်က သေဒဏ်ချမှတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'နန်းတွင်းစစ်​ကြော​ရေးမှာ ပျောက်ကွယ်သွားတဲ့ လူငယ်​တွေအတွက်တာဝန်ခံရမယ့်သူ' ဆိုတဲ့ သတင်းဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ဒီဆောင်းပါးထဲမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA တပ်တော်က သေဒဏ်ချမှတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

      People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဧရာဝတီ သတင်းဌာနမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ သတင်းမှာတော့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ် မျှတအောင် စစ်ဆေးစီရင်သွားမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုတဲ့အကြောင်း ရေးသား ဖော်ပြ ထားပါတယ်။


      “သူ့ကို သေသေချာချာ စစ်ဆေးပြီးတော့မှ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတအောင်တော့ ကျနော်တို့ စီရင်သွားမှာ ဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

      ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Arakan Armysentenced to deathသေဒဏ်သတင်းတုရမခ စစ်တိုင်းရခိုင်စစ်ပွဲFakenews
      Read Full Article
      Claim :   ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA တပ်တော်က သေဒဏ်ချမှတ်တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!