BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ရခိုင်ရွာတွေကို...
သတင်းအတု

AA က ရခိုင်ရွာတွေကို ဖောက်ခွဲဖျက်ဆီး မီးရှို့တယ် ဆိုတဲ့ သတင်းအမှား

၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က video တစ်ပုဒ်ကိုအသုံးပြုပြီး AA က ရခိုင်ရွာတွေကို လက်လုပ်မိုင်းတွေ ဖောက်ခွဲပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဖြန့်ဝေမှုတွေရှိနေပါတယ်။။

By - Boom Live Myanmar |
Published -  27 Feb 2022 7:43 AM IST
  • AA က ရခိုင်ရွာတွေကို ဖောက်ခွဲဖျက်ဆီး မီးရှို့တယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ Video ကို Myat Min Khant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ၂၀၂၀ ခုနှစ် မေလ မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းမှာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေက ထပ်ဆင့်ဝေမျှနေတာဖြစ်ပါတယ်။ ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ ဗုံးတွေ ပေါက်ကွဲပြီး မီးလောင်နေတဲ့ ရွာထဲ လူတွေ ပြေးလွှား ထွက်ပြေးနေတဲ့ ရုပ်ပုံတွေပါဝင်ပါတယ်။

    ယင်း Video နဲ့ အတူ "AAများက ရခိုင်ရွာများကို လက်လုပ်မိုင်း ဖောက်ခွဲမီးရှို့ဖျက်ဆီးသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ" ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ Video ကို ဝေမျှထားပြီးဒ"ရခိုင်အကြမ်းဖက်သမား AA များက ကိုယ့်လူမျိုးတွေ နေထိုင်တဲ့ ရခိုင်ရွာတွေကို လက်နက်ကြီးဗုံးသီးများ၊ လက်လုပ်မိုင်းများအသုံးပြု၍ မီးရှို့ ဖောက်ခွဲမှုကြောင့် အိမ်များမီးလောင်ပျက်စီးကာ ရွာသားများ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့ကိုပဲ ရခိုင်လော်ဘီတွေက ရခိုင်တပ်တော်နှင့် ဗမာ့စစ်တပ် တိုက်ပွဲဖြစ်တာ ရွာထဲကို တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကျလို့လို့ စွပ်စွဲပါတယ်။ဒီနေရာမှာ AAရော တပ်ရော သူ့ပစ်ကိုယ့်ပစ်ဖြစ်နေမှာ အမှန်ပဲလေ.." (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရခိုင့်တပ်တော် AA က ရခိုင်ရွာတွေကို လက်လုပ်မိုင်းတွေ ဖောက်ခွဲပြီး အိမ်တွေ မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ Video ဟာ ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာရွာတွေကို စစ်တပ်က ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးခဲ့စဉ်က Video file တွေ ဖြစ်ပြီး AA က ရခိုင်ရွာတွေ မီးရှို့ဖျက်ဆီးနေတဲ့ Video file မဟုတ်ပါဘူး။

    ဒီ Video ဟာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှု ပြုလုပ်စဉ်က နိုင်ငံတကာ သတင်းတွေမှာရော YouTube မှာရော များစွာ ဖော်ပြခံခဲ့ရတဲ့ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ AA နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။


    နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ အဆိုပါ Video အကြောင်းကို အောက်ပါ link တွေမှာ ကြည့်ပါ။

    The houses of Muslims are being bombed by helicopters in Arakan!

    The massacre continues in Arakan. Muslim villages are burning!





    Tags

    False newsAAArakan ArmybombedburnedRakhine villagesGenocideမီးရှို့သတင်းအမှားရခိုင်ပြည်
    Read Full Article
    Claim :   AA က ရခိုင်ရွာတွေကို ဖောက်ခွဲဖျက်ဆီး မီးရှို့
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!