BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ခလရ- ၂၉ တပ်ရင်းလိုက်ပြုတ်ပြီ ဆိုတဲ့...
      သတင်းအတု

      ခလရ- ၂၉ တပ်ရင်းလိုက်ပြုတ်ပြီ ဆိုတဲ့ သတင်းအမှား

      ခလရ- ၂၉ တပ်ရင်းလိုက်ပြုတ်ပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  16 Feb 2025 10:46 AM IST
    • ခလရ- ၂၉ တပ်ရင်းလိုက်ပြုတ်ပြီ ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စောချစ်သူနဲ့အဖွဲ့ ထိုင်းဖမ်းဝရမ်းထုတ်ပြီ။ သံတောင်ကြီးမှာ စစ်တပ်အထိနာ။ ခလရ- ၂၉ တပ်ရင်းလိုက်ပြုတ်။ ဒု-ဗိုလ်မှူးကြီး သိန်းသန်းနဲ့အဖွဲ့ (၁၆၀) သေဆုံး။ အလံဖြူထောင်ပြီ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ ကရင်ပြည်နယ်။ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်စစ်ခန်းကို စစ်ကူလာတဲ့ ခလရ ၂၉ စစ်ကြောင်းကို KNLA ဦး ဆောင်တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းတွေကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထားကြောင်းတွေ ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      လက်ရှိမှာ BGF ခေါင်းဆောင်တွေကို ဝရမ်းထုတ်ဖို့ ထိုင်းက ရွှေ့ဆိုင်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်း နိုင်ငံ လူကုန်ကူးမှုဆိုင်ရာ ရှေ့နေတွေအနေနဲ့ ကရင်နယ်ခြားစောင့် BGF တပ်မှူးသုံးဦးအတွက် တရားရုံးမှ ဖမ်းဆီးခွင့် ဝရမ်းထုတ်ဖို့ အထောက်အထားတွေ မလုံလောက်သေးဘူးလိုပ ယုံကြည်တဲ့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က အထောက်အထားတွေ ထပ်မံစုဆောင်းဖို့ အကြံပြုထားတဲ့အကြောင်း ထိုင်းသတင်းဌာန The Nation မှာ ရေးသားဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      BGF ထိမ်းချုပ်နယ်မြေClickbaitsကျားဖြန့်ဖမ်းဝရမ်းထုတ်Arrest warrantသတင်းမှား
      Read Full Article
      Claim :   BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!