BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းနိုင်ငံဘက်က...
သတင်းအတု

ထိုင်းနိုင်ငံဘက်က စတင်စစ်ကြေငြာလိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ ကျဉ်ဆံတေွ ထိုင်းပြည်သူတွေကို ထိမှန်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က စစ်ကောင်စီတင့်ကားတွေကို စတင်ပစ်ခတ်တိုက်ခိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 April 2024 9:25 AM IST
  • ထိုင်းနိုင်ငံဘက်က စတင်စစ်ကြေငြာလိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ကြေငြာလိုက်ပြီ။ ထိုင်းဘက်မှ စတင်ပစ်ခတ်လိုက်ပြီ။ စကစ ကျဉ်ဆံများ ထိုင်းပြည်သူကို ထိမှန်လို့ ထိုင်းကွန်မန်ဒိုများ စကစ တင့်ကားကို တိုက်ခိုက်' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို စတင်ဖြန့်ဝေပြီး ၆ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းစစ်တပ်က စစ်ကောင်စီတင့်ကားတွေကို စတင်ပစ်ခတ် တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဧပြီလ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ ‘ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


    ဒီသတင်းထဲမှာ ထိုင်းစစ်တပ်က စတင်ပစ်ခတ် တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်း ဌာနတွေမှာ ထိုင်းစစ်တပ်က စတင်ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာမျိုး ဖော်ပြထားတာ မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    စစ်ပွဲMilitary Coupဒရုန်းဗုံးကျဲစစ်ကြေငြာdeclared warFakenewsသတင်းတု
    Read Full Article
    Claim :   ထိုင်းနိုင်ငံဘက်က စတင်စစ်ကြေငြာလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!