BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်ကို ထိုင်းနဲ့တရုတ်က...
သတင်းအတု

စစ်ခေါင်းဆောင်ကို ထိုင်းနဲ့တရုတ်က ဖမ်းဝရမ်းထုတ်တယ်ဆိုတာမဟုတ်ပါ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနဲ့ တရုတ်က ဖမ်းဝရမ်းထုတ်လိုက်တယ် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 Oct 2024 10:36 AM IST
  • စစ်ခေါင်းဆောင်ကို ထိုင်းနဲ့တရုတ်က ဖမ်းဝရမ်းထုတ်တယ်ဆိုတာမဟုတ်ပါ

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် ခွေးဖြစ်ပြီဟေ့။ ထိုင်းနဲ့ တရုတ်က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီ။ တနိုင်ငံလုံးကို အမိန့်စာ ကြေညာလိုက်ပြီ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင်ကို ထိုင်းနဲ့ တရုတ်က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်၊စားသောက်ကုန်များမှာ တရားမဝင် သဖြင့် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် စစ်ကောင်စီက သတိပေး၊ အာဏာရှင်နေဝင်း လက်ထက် ဆိုရှယ်လစ်ခေတ် ပုံစံပြန်ဖြစ်လာဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကိုသာ ထည့်သွင်းထားတာဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ စစ်ခေါင်းဆောင်ကို ထိုင်းနဲ့ တရုတ်က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဖမ်းဝရမ်းထုတ်Fakenewsarrest warrantmilitary leaderClickbaitsသတင်းမှား
    Read Full Article
    Claim :   စစ်ခေါင်းဆောင်ကို ထိုင်းနဲ့ တရုတ်က ဖမ်းဝရမ်းထုတ် လိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!