BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို...
သတင်းအတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

သတင်းစာပါ သတင်းပုံစံ ဖန်းတီးထားတဲ့ သတင်းအတုတစ်ပုဒ်မှာ ဒေါက်တာဇော်ဝေစိုးနဲ့ ဒေါက်တာရည်မွန် တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတယ် ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2021 7:54 AM IST
  • ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ခန့်က စတင်ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မဲဆောက်မှ ချင်းမိုင်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ အကြမ်းဖက်မှုဖြင့် ဖမ်းဝရမ်းထုတ်" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းပိုင်းမှာတော့ "ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်းပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာလ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက် ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်းနေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။ မြန်မာအစိုးရနှင့် ….." (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို စစ်ကောင်စီ ထောက်ခံတဲ့ ဖေ့စ်ဘွတ် အကောင့်ပေါင်းများစွာက စစ်တပ်ထောက်ခံတဲ့ ဂရုတွေဆီကို ဖြန့်ဝေပြီး လူမှုကွန်ယက်ပေါ် ဖြန့်နေကြဆဲဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    သတင်းစာပါ သတင်းတစ်ပုဒ် ပုံစံဖန်တီးထားတဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဖော်ပြထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါက်တာဇော်ဝေစိုးနဲ့ ဦရည်မွန်ကို စစ်ကောင်စီက လွဲပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဖမ်းဝရမ်းထုတ်ထားခြင်း မရှိပါဘူး။ အောက်တိုဘာလ ၁၅ ရက်နေ့က NUG အစိုးရရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ Public Voice Television ရဲ့ သတင်းလား? ဂျင်းလား? အစီအစဉ်မှာ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းအမှားဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

    PVTV က ထုတ်ပြန်ထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


    ဒီလို သတင်းစာပါ သတင်းပုံစံ ဖန်တီးပြီး သတင်းအမှားဖြန့်မှုတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ထွက်ပေါ်နေပြီး ဖြန့်ဝေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို လိုက်လံစစ်ဆေးကြည့်တဲ့အခါ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီထောက်ခံသူတွေ ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    False newsThai policewarrantNUGCRPHMilitaryCoupသတင်းအမှားဖမ်းဝရမ်းထုတ်
    Read Full Article
    Claim :   ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဖော်ပြထားတဲ့ အကြောင်းအရာဟာမှားယွင်းနေပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!