BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • BGF ခေါင်းဆောင်ကို ဖမ်းဖို့...
သတင်းအတု

BGF ခေါင်းဆောင်ကို ဖမ်းဖို့ ထိုင်းနဲ့တရုတ်တပ်တွေ နယ်စပ်မှာ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းအမှား

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ဝင်ဖမ်းဖို့ ထိုင်းနဲ့ တရုတ်ပူးပေါင်းပြီး ကရင်ပြည် နယ်စပ်မှာ စစ်တပ်တွေ ပြင်ဆင်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  16 Feb 2025 10:35 AM IST
  • BGF ခေါင်းဆောင်ကို ဖမ်းဖို့ ထိုင်းနဲ့တရုတ်တပ်တွေ နယ်စပ်မှာ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Broadcasting ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလတပည့် စောချစ်သူ ဇာတ်သိမ်းပြီ။ ထိုင်းနဲ့ တရုတ်ပေါင်းပြီး ကရင်ပြည်နယ်ထဲကို ဝင်ဖမ်းဖို့ နယ်စပ်မှာ စစ်တပ်ပြင်ဆင်ထား။ စောချစ်သူရဲ့ BGF နဲ့ DKBA နှစ်ဖွဲ့လုံး အမြစ်ပြုတ်ပြီ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BGF ခေါင်းဆောင်ကို ဖမ်းဖို့ ထိုင်းနဲ့တရုတ်တပ်တွေ နယ်စပ်မှာ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ မူရင်းသတင်းဖြစ်စဉ်ကို ပုံစံပြောင်းရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ကရင်ပြည်နယ်။ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်စစ်ခန်းကို စစ်ကူလာတဲ့ ခလရ ၂၉ စစ်ကြောင်းကို KNLA ဦး ဆောင်တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းတွေကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထားကြောင်းတွေ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ BGF ခေါင်းဆောင်ကို ဖမ်းဖို့ ထိုင်းနဲ့တရုတ်တပ်တွေ နယ်စပ်မှာ ပြင်ဆင်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိမှာ BGF ခေါင်းဆောင်တွေကို ဝရမ်းထုတ်ဖို့ ထိုင်းက ရွှေ့ဆိုင်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်း နိုင်ငံ လူကုန်ကူးမှုဆိုင်ရာ ရှေ့နေတွေအနေနဲ့ ကရင်နယ်ခြားစောင့် BGF တပ်မှူးသုံးဦးအတွက် တရားရုံးမှ ဖမ်းဆီးခွင့် ဝရမ်းထုတ်ဖို့ အထောက်အထားတွေ မလုံလောက်သေးဘူးလိုပ ယုံကြည်တဲ့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က အထောက်အထားတွေ ထပ်မံစုဆောင်းဖို့ အကြံပြုထားတဲ့အကြောင်း ထိုင်းသတင်းဌာန The Nation မှာ ရေးသားဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တရုတ်သတိပေးထိုင်းစစ်တပ်သတင်းအတုBGF ထိမ်းချုပ်နယ်မြေFakenews
    Read Full Article
    Claim :   BGF ခေါင်းဆောင်ကို ဖမ်းဖို့ ထိုင်းနဲ့တရုတ်တပ်တွေ နယ်စပ်မှာ ပြင်ဆင်နေတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!