BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကနီဒေသခံတွေ PDF တွေရန်က...
သတင်းအတု

ကနီဒေသခံတွေ PDF တွေရန်က ဘေးလွတ်ရာတိမ်းရှောင်ရတယ်ဆိုတဲ့ သတင်းအမှား

ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအချို့ PDF တပ်ဖွဲ့ဝင်တွေရန်မှ ဘေးလွတ်ရာကို နေ့စဉ်ပြောင်းရွှေ့နေရတယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေလူမှုကွန်ရက်ပေါ်မှာဆက်တိုက်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  6 Jan 2022 10:07 AM IST
  • ကနီဒေသခံတွေ  PDF တွေရန်က ဘေးလွတ်ရာတိမ်းရှောင်ရတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး စစ်တပ်ထောက်ခံသူအများစုရဲ့ ဖေစ့်ဘွတ်စာမျက်နှာတွေမှာ ရေးသားဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ အထုပ်အပိုးကိုယ်စီနဲ့ လူတချို့ပုံတွေကို အသုံးပြုပြီး "ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအချို့ PDF အကြမ်းဖက်သမားများရန်မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း၊ ယခင်က PDF နဲ့ပူးပေါင်းပါက အသက်ရှင်မယ်ဆိုတဲ့အတွက် မတတ်သာလို့ ပူးပေါင်းခဲ့ကြောင်း၊ ယခုအခါ PDF အချင်းချင်းပင် ပြန်သတ်နေတဲ့အတွက် ဘေးလွတ်ရာကို ခိုးပြီး ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောကြောင်းနဲ့ NLD အစွန်းရောက် အကြမ်းဖက် PDF များက စစ်ကိုင်းတိုင်းကို အခြေပြုပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့အတွက် စစ်တပ်အနေနဲ့ ရှင်းလင်းပေးစေလိုကြောင်း" တွေ ရေးသားထားချက်တွေပါဝင်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ခုဖြန့်ဝေနေတဲ့ ပုံတွေဟာ DVB သတင်းဌာနမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖော်ပြခဲ့တဲ့ "ကနီမြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ နေရပ်စွန့်ခွာ" ဆိုတဲ့ သတင်းက ဓါတ်ပုံတွေသာဖြစ်ပြီး အကြောင်းအရာကို ပြောင်းလဲရေးသား ထားခြင်းသာ ဖြစ်ပါတယ်။


    အကြောင်းအရာအမှန်က စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ဘက်မှ ကနီမြို့နယ် ကျောက်လှေကား၊ ယင်း၊ ကုန်းသာကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေတာ ဖြစ်ပါတယ်။

    မူရင်းသတင်းနဲ့ ဓါတ်ပုံတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    False newsKany Townshipevacuated from PDFsကနီမြို့နယ်စစ်ကိုင်းတိုင်းရေဦးမြို့နယ်နေရပ်စွန့်ခွာNLDPDFMilitary Coupmilitary force
    Read Full Article
    Claim :   ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအချို့ PDF တပ်ဖွဲ့ဝင်တွေရန်မှ ဘေးလွတ်ရာကို နေ့စဉ်ပြောင်းရွှေ့နေရ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!